ဧပြီ ၁၂ ရက်က လူပျောက်ကြေညာထားသူ အမျိုးသားတစ်ဦးအား ဓားဒဏ်ရာများဖြင့် အင်းစိန်မြို့နယ်တွင် ပြန်တွေ့

ဧပြီ ၁၂ ရက်က လူပျောက်ကြေညာထားသူ အမျိုးသားတစ်ဦးအား ဓားဒဏ်ရာများဖြင့် အင်းစိန်မြို့နယ်တွင် ပြန်တွေ့
■ ဓာတ်ပုံ-  ကနောင် နာကူ/ရှင်ကူအသင်း (အင်းစိန်)
■ ဓာတ်ပုံ-  ကနောင် နာကူ/ရှင်ကူအသင်း (အင်းစိန်)
Published 14 April 2023

ဧပြီ ၁၂ ရက်က လူပျောက်ကြေညာထားသူ အမျိုးသားတစ်ဦးအား ဓားဒဏ်ရာများဖြင့် အင်းစိန်မြို့နယ်တွင် ပြန်လည်တွေ့ရှိကြောင်း ကနောင် နာကူ/ရှင်ကူအသင်း (အင်းစိန်)ထံက သိရသည်။

အဆိုပါ အမျိုးသားကို အင်းစိန်ကြို့ကုန်းအနောက်ရှိ သစ်တောဝင်း ခြုံပုတ်တနေရာတွင် ဓားဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။

ကနောင် နာကူ/ရှင်ကူအသင်း (အင်းစိန်)က ကိုသူရိန်ထွန်းက ၎င်း၏လူမှုကွန်ရက် Facebook စာမျက်နှာတွင် "Taxi ယာဉ်မောင်းဆရာများ ဂရုစိုက်ကြပါ ၁၂- ၄- ၂၀၂၃ ရက်နေ့က ပျောက်ဆုံးသွားတဲ့ Taxi ယာဉ်မောင်း၏ ပုတ်ပွနေတဲ့ ရုပ်အလောင်းကို ယနေ့ ၁၄- ၄- ၂၀၂၃ ရက်နေ့မှာ ဓားဒဏ်ရာ သုံးချက်ဖြင့်  သေဆုံးလျက် တွေ့ရှိရပါတယ်၊ အလောင်းတွေ့ရှိတဲ့နေရာက အင်းစိန်ကြို့ကုန်းအနောက် သစ်တောဝန်း ခြုံပုတ်တနေရာက တွေ့ရတာပါ။

မနေ့က ၁၃ - ၄ - ၂၀၂၃ မှာ Taxi ကားပေါ်မှာ သွေးကွက်များနှင့် Taxi ကား ပြန်တွေ့ရှိပြီးဖြစ်ပါတယ်။

သေဆုံးသူက အင်းစိန်ပေါက်တော ချမ်းမြေ့စည်ပင်ဝန်းမှာ နေထိုင်သူဖြစ်ပါတယ်။ ရုပ်အလောင်းကို ကနောင် နာကူ/ရှင်ကူ အသင်းမှ အင်းစိန်ပို့ဆောင် ကူညီခဲ့ပါတယ်" ဟု ရေးသားဖော်ပြထားသည်။

အဆို‌ပါ သေဆုံးသည့် အမျိုးသား ပျောက်ဆုံးမှုအား ‌တွေ့ရှိပါက မိသားစုထံအကြောင်းကြားရန် ၎င်းဇနီးဖြစ်သူက လူမှုကွန်ရက်တွင် အကူအညီတောင်းထားသည်။

လက်ရှိတွင် သေဆုံးသူ၏ မိသားစုနှင့် လူမှုကူညီရေးအသင်း အဆက်အသွယ်ရပြီဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent