ကိုဗစ်-၁၉ ချေးငွေသက်တမ်းသုံးနှစ်ပြည့်ပြီး ကုမ္ပဏီ/လုပ်ငန်းများမှ ချေးငွေပြန်လည်ကောက်ခံရေး၊ အရင်းကောက်ခံရရှိငွေများကို နိုင်ငံတော်၏လှည့်ပတ်ရန်ပုံငွေသို့ ပြန်လည်ထည့်သွင်းရေးဆွေးနွေး

ကိုဗစ်-၁၉ ချေးငွေသက်တမ်းသုံးနှစ်ပြည့်ပြီး ကုမ္ပဏီ/လုပ်ငန်းများမှ ချေးငွေပြန်လည်ကောက်ခံရေး၊ အရင်းကောက်ခံရရှိငွေများကို နိုင်ငံတော်၏လှည့်ပတ်ရန်ပုံငွေသို့ ပြန်လည်ထည့်သွင်းရေးဆွေးနွေး
ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ၏ အစည်းအဝေးကို တွေ့ရစဉ်
ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ၏ အစည်းအဝေးကို တွေ့ရစဉ်
Published 9 March 2023

ကိုဗစ်-၁၉ချေးငွေ သက်တမ်းသုံးနှစ်ပြည့်ပြီး ကုမ္ပဏီ/လုပ်ငန်းများမှချေးငွေ ပြန်လည်ကောက်ခံရေးအစီအစဉ်များ၊ အရင်းကောက်ခံရရှိငွေများအား နိုင်ငံတော်၏ လှည့်ပတ်ရန်ပုံငွေသို့ ပြန်လည်ထည့်သွင်းရေး အခြေအနေများကို မတ် ၈ ရက်က ကျင်းပခဲ့သည့် ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၃)တွင် ဆွေးနွေးခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။

အဆိုပါအစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌက ချေးငွေပြန်လည်ပေးဆပ်ရေးဆိုင်ရာကိစ္စများအတွက် လုပ်ငန်းကော်မတီက ညှိနှိုင်းဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ချေးငွေပြန်လည်ပေးဆပ် လျက်ရှိသည့်အခြေအနေများ၊ နိုင်ငံသားပိုင် ငါး၊ ပုစွန်မွေးမြူရေး အပါအဝင် မွေးမြူရေးကဏ္ဍသို့ ထုတ်ပေးထားသည့် ချေးငွေများ ပြန်လည်ပေးဆပ်ရမည့်ကာလအား ချေးငွေသက်တမ်းစေ့ရောက်သည့်နေ့မှစ၍ နောက်ထပ်တစ်နှစ်ထပ်မံတိုးမြှင့်ပေးခဲ့သည့် အ ခြေအနေ၊ ချေးငွေသက်တမ်း သုံးနှစ်ပြည့်ပြီး ကုမ္ပဏီ/လုပ်ငန်းများမှ ချေးငွေများ ပြန်လည် ကောက်ခံရေးအစီအစဉ်၊ အရင်းကောက်ခံ ရရှိငွေများအား နိုင်ငံတော်၏ လှည့်ပတ်ရန်ပုံ ငွေသို့ ပြန်လည်ထည့်သွင်းရေး အခြေအနေ နှင့် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာကဏ္ဍသို့ ထုတ်ပေးထားသည့် ချေးငွေ များ ပြန်လည်ပေးဆပ်ရမည့်ကာလအား သက်တမ်းတစ်နှစ် ထပ်မံတိုးမြှင့်ပေးမည့် အခြေအနေများကို ဆွေးနွေးသည်။

ထို့နောက် လုပ်ငန်းကော်မတီအတွင်း ရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါ၀ါမောင်က ချေးငွေစိစစ်ကြပ်မတ်ရေးဆိုင်ရာ  ကိစ္စရပ်များနှင့် ပြည်နယ်/ တိုင်းဒေသကြီးအလိုက် ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေထုတ်ယူထားသည့် ကုမ္ပဏီ/လုပ်ငန်းများအား Success Story စစ်တမ်းကောက်ခံခဲ့သည့် အခြေအနေများ၊ အတိုးအရင်း ကောက်ခံရရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြ ဆွေးနွေးသည်။

အစည်းအဝေး တက်ရောက်လာကြသူများက ကိုဗစ်-၁၉ ကြောင့် စီးပွားရေးသက်ရောက်မှုများကုစားရေးအတွက် ဝန်ကြီးဌာနအလိုက် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများနှင့် ကော်မတီအနေဖြင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာကဏ္ဍသို့ ထုတ်ပေးထားသည့် ချေးငွေများပြန်လည် ပေးဆပ်ရမည့်ကာလအား သက်တမ်းတစ်နှစ် ထပ်မံတိုးမြှင့်ပေးမည့်ကိစ္စကို အတည်ပြုညှိ နှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါအစည်းအဝေးသို့ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် လုပ်ငန်းကော်မတီ ဝင်များဖြစ်ကြသော စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာနနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာဌာန ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

Most Read

Most Recent