၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် ဖေဖော်ဝါရီ ၂၄ ရက်အထိ ပြည်ပသို့ သတ္တုတွင်းထွက်ပစ္စည်းတင်ပို့မှုမှ ဒေါ်လာ ၃၁၂ သန်းကျော် ရရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၂၈၅ သန်းကျော် လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရ သည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဖေဖော်ဝါရီ၂၄ရက်အထိ ပြည်ပသို့ သတ္တုတွင်းထွက်ပစ္စည်းတင်ပို့မှုမှ ဒေါ်လာ ၃၁၂ ဒသမ ၆၇၉ သန်းရရှိခဲ့သည်။ ယခင်နှစ်ကာလတူက ဒေါ်လာ ၅၉၇ ဒသမ ၈၇၅ သန်းရရှိခဲ့သည်။ အဆိုပါကာလတူနှစ်ခုကို နှိုင်းယှဉ်ပါက လက်ရှိဘဏ္ဍာနှစ် ဖေဖော်ဝါရီ ၂၄ ရက်အထိမှာ ယခင်နှစ်ကာလတူထက် ဒေါ်လာ ၂၈၅ ဒသမ ၁၉၆ သန်း လျော့ကျခဲ့သည်။
နှစ်အလိုက် ပြည်ပသို့ သတ္တုတွင်းထွက်ပစ္စည်းတင်ပို့မှုအနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၁၄၆၅ ဒသမ ၄၅၉ သန်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၁၈၇၀ ဒသမ ၈၃၆ သန်း၊၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၈၉၅ ဒသမ ၆၁၁ သန်း၊၂၀၂၁-၂၀၂၂ (Mini Budget) ကာလ အတွင်း ဒေါ်လာ ၂၈၈ ဒသမ ၅၉၉ သန်း ရရှိခဲ့သည်။
နှစ်အလိုက် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုအနေဖြင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ပို့ကုန်ဒေါ်လာ ၈၉၇၇ ဒသမ ၀၁၅ သန်း၊ သွင်းကုန်ဒေါ်လာ ၉၀၆၈ ဒသမ ၉၁၄ သန်း ဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၁၈၀၄၅ ဒသမ ၉၂၉ သန်းရရှိခဲ့သည်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ပို့ကုန်ဒေါ်လာ ၁၄၈၈၃ ဒသမ ၁၆၀ သန်း၊ သွင်းကုန် ဒေါ်လာ ၁၈၆၉၄ ဒသမ ၈၉၂ သန်းဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၃၃၅၇၈ ဒသမ ၀၅၂ သန်းရရှိခဲ့သည်။
၂၀၁၈ ခုနှစ် Mini Budget တွင် ပို့ကုန် ဒေါ်လာ ၈၈၆၁ ဒသမ ၀၃၂ သန်း၊ သွင်းကုန် ဒေါ်လာ ၉၈၆၇ ဒသမ ၇၈၃ သန်းဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၁၈၇၂၈ ဒသမ ၈၁၅ သန်းရရှိခဲ့သည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပို့ကုန် ဒေါ်လာ ၁၇၀၆၀ ဒသမ ၄၁၅ သန်း၊ သွင်းကုန် ဒေါ်လာ ၁၈၀၈၆ ဒသမ ၅၉၇ သန်းဖြင့် ကုန်သွယ်မှုဒေါ်လာ ၃၅၁၄၇ ဒသမ ၀၁၂ သန်းရရှိခဲ့သည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း နှစ်အလိုက်စျေးနှုန်းအရ ပြည်ပပို့ကုန်ကို ဒေါ်လာ ၁၅ ဒသမ ၅ ဘီလျံ (၁၅၅၀၀ သန်း) တင်ပို့ရန် နှင့် ပြည်ပသွင်းကုန်ကို ဒေါ်လာ ၁၄ ဘီလျံ (၁၄၀၀၀ သန်း) တင်သွင်းရန် ရည်မှန်းထား ကြောင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေတွင် ဖော်ပြထားသည်။
၂၀၂၁-၂၀၂၂ Mini Budget ခြောက်လအတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၆ ဒသမ ၀၇၉ ဘီလျံကျော်ရရှိပြီးယခင်နှစ်ကာလတူထက် ကုန်သွယ်မှုဒေါ်လာ ၁၀၈ သန်းကျော် ပိုမိုရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
၂၀၂၁ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၂ ခုနှစ် မတ် ၃၁ ရက်အထိ မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏဒေါ်လာ ၁၆ ဒသမ ၀၇၉ ဘီလျံရှိသည်။ ယခင်နှစ်ကာလတူတွင် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၅ ဒသမ ၉၇၁ ဘီလျံ အထိရှိသည်။ သို့ဖြစ်ရာ ကုန်သွယ်မှုပမာဏသည် ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁၀၈ ဒသမ ၇၅၆ သန်း ပိုမိုရရှိခဲ့သည်။









