မြန်မာအမျိုးသားလေကြောင်းလိုင်း၏ MNA Mobile Application ဖြင့် ခရီးစဉ်အချက်အလက်များ ကြည့်ရှုနိုင်မည့်အပြင် လက်မှတ်ဝယ်ယူမှုနှင့် ငွေပေးချေမှုများကိုပါ အလွယ်တကူ ပြုလုပ်နိုင်

မြန်မာအမျိုးသားလေကြောင်းလိုင်း၏ MNA Mobile Application ဖြင့် ခရီးစဉ်အချက်အလက်များ ကြည့်ရှုနိုင်မည့်အပြင် လက်မှတ်ဝယ်ယူမှုနှင့် ငွေပေးချေမှုများကိုပါ အလွယ်တကူ ပြုလုပ်နိုင်
Published 3 March 2023

မြန်မာအမျိုးသားလေကြောင်းလိုင်း၏ MNA Mobile Application ဖြင့် ခရီးစဉ် အချက်အလက်များ ကြည့်ရှုနိုင်မည့်အပြင် လက်မှတ် ဝယ်ယူမှုနှင့် ငွေပေးချေမှုများကိုပါ အလွယ်တကူ ပြုလုပ်နိုင်မည် မြန်မာအမျိုးသားလေကြောင်းလိုင်း ပြည်ပလေယာဉ်လက်မှတ်များအား ၁၅ ရာခိုင်နှုန်းလျှော့စျေး၊ ပြည်တွင်းလေယာဉ်လက်မှတ်များအား ၁၀ ရာခိုင်နှုန်းလျှော့စျေးဖြင့် ဝယ်ယူနိုင်မည့်ကာလကို ဖေဖော်ဝါရီ ၂ ရက် အထိ တိုးမြှင့်သတ်မှတ်ခဲ့ကြောင်း သိရသည်။

Myanmar Travel Fair 2023 တွင် မြန်မာအမျိုး သားလေကြောင်းလိုင်းက ပြည်တွင်း ပြည်ပလေယာဉ်လက်မှတ်များအား ၁၅ ရာခိုင်နှုန်းလျှော့စျေးဖြင့် ရောင်းချခဲ့သည်။

၂၀၂၃ ခုနှစ်ဇန်နဝါရီ ၂၇ ရက်မှ ၂၉ရက် နေ့အထိ ဝန်ကြီးများရုံးတွင် ကျင်းပခဲ့သည့် Myanmar Travel Fair 2023 တွင် မြန်မာ အမျိုးသားလေကြောင်းလိုင်းက Main Sponsor အဖြစ် ပါဝင်ထားပြီး Travel Fair အတွင်း ပြည်တွင်းပြည်ပလေယာဉ် လက်မှတ်များအား ၁၅ ရာခိုင်နှုန်းအထိ လျှော့စျေးဖြင့် ရောင်းချပေးခဲ့သည့်အပြင် လက်ဆောင် ပစ္စည်းများပါ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်း လေယာဉ်လက်မှတ်များအား  www.flymna.com တွင် မြန်မာကျပ်ငွေနှင့် အမေရိကန် ဒေါ်လာတို့ဖြင့် ဝယ်ယူနိုင်မည်ဖြစ်သည်။

မြန်မာအမျိုးသားလေကြောင်းလိုင်း လေယာဉ်လက်မှတ်များအား ဝယ်ယူရန် ဘိုကင်ပြုလုပ်ထားသော ခရီးသည်များအနေဖြင့် ငွေမပေးချေမီ www.flymna.com တွင် ticket number ထည့်သွင်း၍ စစ်ဆေးကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။

ခရီးသည်များ အနေဖြင့် ငွေမပေးချေမီ www.flymna.com တွင် find booking နေရာတွင် မိမိ last name နှင့် လက်မှတ်၏ အပေါ်ညာဖက်ထောင့် အက္ခရာ ၆လုံးပါရှိသော booking reference သို့မဟုတ် အမှတ်စဉ် ၆၆ ဖြင့်စတင်သော ticket number ထည့်သွင်း၍ စစ်ဆေးကြည့်ရှုနိုင်မည်ဖြစ်သည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-ဘန်ကောက်ခရီးစဉ်အားနေ့စဉ်၊ ရန်ကုန်-ချင်းမိုင်ခရီးစဉ်အား တစ်ပတ် သုံးကြိမ်ပျံသန်းနေပြီး ထိုင်းနိုင်ငံရှိ King Power ဆိုင်များတွင် Broading Pass ပြသရုံဖြင့် ၁၅ ရာခိုင်နှုန်းလျှော့စျေးရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်း ပျံသန်းနေသည့် ရန်ကုန်၊ နေပြည်တော်၊ မန္တလေးနှင့် အခြား ပြည်တွင်းခရီးစဉ်များတွင် Online Check-in ပြုလုပ်နိုင်မည်ဖြစ်ကြောင်းသိရသည်။ Online Check-in Service သည် ပြည်တွင်းခရီးစဉ်များတွင် သာ ရရှိနိုင်မည်ဖြစ်ပြီး လေယာဉ်ထွက်ခွာချိန် မတိုင်ခင် ၂၄နာရီမှ ၇၅ မိနစ်အတွင်း မည်သည့်အချိန်တွင်မဆို ပြုလုပ်နိုင်မည်ဖြစ်ပြီး print ထုတ်ထားသော E-broadcasting အားဂိတ်တွင် ပြသပြီး ခရီးစဉ်တွင် လိုက်ပါနိုင်မည်ဖြစ်သည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-ဘန်ကောက်အသွားအပြန်ခရီးစဉ်အား ၇၄ ဒေါ်လာမှစတင်၍လည်းကောင်း၊ ရန်ကုန်-ချင်းမိုင်အသွားအပြန်ခရီးစဉ်အား ၁၆၀ ဒေါ်လာမှစတင်ရောင်းချနေသည်။

၂၀၂၂အောက်တိုဘာလမှစတင်ကာ ထိုင်းနိုင်ငံတွင်း ဝင်ရောက်လာမည့် နိုင်ငံခြားသားများ၏ Visa Free အတွက် ထိုင်းနိုင်ငံတွင်း နေထိုင်နိုင်မည့်ကာလကို ရက်ပေါင်း ၃၀ မှ ၄၅ ရက်အထိ တိုးမြှင့်ပေးလိုက်ရာ မြန်မာနိုင်ငံသားများလည်း ၄၅ ရက် Visa Free သက်တမ်းရရှိခြင်းဖြစ်သည်။

Most Read

Most Recent