တရုတ်၏ နာမည်အကျော်ကြားဆုံးမင်း သမီးတစ်ဦးဖြစ်သည့် ဖန်ဘင်ဘင်းသည် ဖေဖော်ဝါရီ ၂၃ ရက်တွင် ဘာလင်နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကော်ဇော်နီသို့ တက်ရောက်လာခြင်းနှင့်အတူ ငါးနှစ်ကြာရပ်တန့်ခဲ့သည့် အနုပညာလောကထဲသို့ ပြန်လည် ဝင်ရောက်လာခဲ့သည်။
တရုတ်ပြည်မကြီးနှင့် ဟောင်ကောင်သည် ကိုဗစ်ကင်းစင်ရေးမူဝါဒများကို ဖြေလျှော့ခဲ့ပြီး နိုင်ငံတကာခရီးသွားလာမှုများကို ပြန်လည်ခွင့်ပြုခဲ့သောကြောင့် ဖန်ဘင်ဘင်း၏ ပြန်လည်ထွက်ပေါ်လာမှုသည် တရုတ်ဘာသာစကားပြောရုပ်ရှင်များ နိုင်ငံတကာစင် မြင့်ထက်သို့ တဖန်ပြန်လည်ဝင်ရောက်လာမှုကို မီးမောင်းထိုးပြလျက်ရှိသည်။
ဖန်သည် ၂၀၁၈ ခုနှစ်တွင် အများမြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့ပြီးနောက် လအနည်းငယ်အကြာ၌ တရုတ်အာဏာပိုင်များက ၎င်းကို အခွန်တိမ်းရှောင်မှုဖြင့် ယွမ် ၈၈၃ သန်း ဒဏ်ကြေးချမှတ်ခဲ့သည်။
တရုတ်ဒါရိုက်တာ ဟန်းရှုအိုင်းရိုက်ကူးထားသည့် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်၏ ရာဇဝတ်မှုစိမ့်ဝင်နေသောမြေ အောက်ကမ္ဘာကို ဇာတ်အိမ်တည်ထားသည့် ဖန်ပါဝင်သရုပ်ဆောင်ထားသော လျှို့ဝှက်သည်းဖိုရုပ်ရှင် Green Night ကိုဖေဖော်ဝါရီ ၂၃ ရက်က ရုပ်ရှင်ပွဲတော်၌ ပြသခဲ့သည်။
“ကမ္ဘာတစ်ဝန်းလုံးက မိတ်ဆွေတွေကို ကျေးဇူးတင်ပါတယ်။ လူတိုင်းရဲ့ဘဝမှာ အတက်အကျကိုယ်စီရှိကြပါတယ်။ ဒါဟာအ ရမ်းခက်ခဲနိုင်ပြီး အကြိမ်တိုင်းခက်ခဲနိုင်ပေမယ့် သင့်အနေနဲ့ ဒီအခက်အခဲတွေကနေသင်ယူနိုင်ပါတယ်။အခုချိန်မှာတော့ အရာအားလုံးက အဆင်ပြေသွားပါပြီ”ဟုဖန်က ပြောကြားခဲ့သည်။