လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်း များဆိုင်ရာရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဦးစားပေးမြှင့်တင်မည့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများ အဖြစ် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က တိုးမြှင့်သတ်မှတ်လိုက်သည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေပုဒ်မ ၄၃ နှင့် ပုဒ်မ ၁၀၀ ပုဒ်မခွဲ(ခ)အရ ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် သတ်မှတ်ကြေညာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ဦးစားပေးမြှင့်တင်မည့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများ အဖြစ်သတ်မှတ်ထားသော လုပ်ငန်းအ မျိုးအစားများတွင် လျှပ်စစ်သုံးယာဉ် အမျိုးမျိုးတပ်ဆင်ခြင်း၊ ထုတ်လုပ်ခြင်းလုပ်ငန်းနှင့် ပြု ပြင်ထိန်းသိမ်းခြင်းဝန်ဆောင်မှုလုပ်ငန်းများ ပါဝင်ပြီး (၁) CKD၊ SKD စနစ်ဖြင့် HEV (Hybrid Electric Vehicle) ယာဉ်အမျိုးမျိုးတပ်ဆင်ခြင်းနှင့် ထုတ်လုပ်ခြင်းလုပ်ငန်း(လူစီးယာဉ်၊ ခရီးသည်တင်ယာဉ် ကုန်တင်ယာဉ်၊ အခြားယာဉ်များအပါအဝင်)၊ (၂)CKD၊ SKD စနစ်ဖြင့် PHEV (Plug-in Hybrid Electric Vehicle) ယာဉ်အမျိုးမျိုး တပ်ဆင်ခြင်းနှင့် ထုတ်လုပ်ခြင်းလုပ်ငန်း (လူစီးယာဉ်၊ ခရီးသည်တင်ယာဉ်၊ ကုန်တင်ယာဉ်၊ အခြားယာဉ်များအပါအဝင်) ၊ (၃) CKD၊ SKD စနစ်ဖြင့် BEV (Battery Electric Vehicle) ယာဉ်အမျိုးမျိုး တပ်ဆင်ခြင်းနှင့် ထုတ်လုပ်ခြင်းလုပ်ငန်း(လူစီးယာဉ်၊ ခရီးသည်တင်ယာဉ်၊ ကုန်တင်ယာဉ်၊ အခြားယာဉ်များအပါအဝင်)၊ (၄)CKD၊ SKD စနစ်ဖြင့် FCEV (Fuel Cell Electric Vehicle) ယာဉ်အမျိုးမျိုးတပ်ဆင်ခြင်းနှင့် ထုတ်လုပ်ခြင်းလုပ်ငန်း (လူစီးယာဉ်၊ ခရီးသည် တင်ယာဉ်၊ ကုန်တင်ယာဉ်၊ အခြားယာဉ်များအပါအဝင်)၊ (၅) လျှပ်စစ်သုံးမော်တော် ယာဉ်အမျိုးမျိုး၏ ကိုယ်ထည်အစိတ်အပိုင်းထုတ်လုပ်ခြင်းလုပ်ငန်းများ၊ လျှပ်စစ်မီးရထား စက်ခေါင်းထုတ်လုပ်ခြင်းလုပ်ငန်း ဒီဇယ်-လျှပ်စစ်မီးရထားစက်ခေါင်းထုတ်လုပ်ခြင်း လုပ်ငန်း၊ အခြားအထွေထွေသုံးစက်ကိရိယာ ထုတ်လုပ်ခြင်းလုပ်ငန်း (လျှပ်စစ်သုံးမော်တော်ယာဉ်အတွက် air – conditioning စက်ကိရိယာ ထုတ်လုပ်ခြင်းအပါအဝင်)၊ လျှပ်စစ်သုံးမော်တော်ယာဉ်အတွက် အီလက်ထရောနစ် အရုပ်/အသံဆိုင်ရာပစ္စည်းကိရိယာထုတ် လုပ်ခြင်းလုပ်ငန်း၊ လျှပ်စစ်သုံးမော်တော်ယာဉ်အတွက် တိုင်းတာခြင်း၊ စမ်းသပ်ခြင်း၊ မောင်းနှင်သွားလာမှုလမ်းညွှန်နှင့် ထိန်းချုပ်ခြင်းဆိုင်ရာပစ္စည်း ကိရိယာထုတ်လုပ်ခြင်းလုပ်ငန်း၊ လျှပ်စစ်ဓာတ်အားဖြည့်သွင်းခြင်းဆိုင်ရာ ဆက်စပ်ပစ္စည်းများနှင့် စက်ပစ္စည်းကိရိယာ အစိတ်အပိုင်းများ ထုတ်လုပ်ခြင်းလုပ်ငန်းတို့ ဖြစ်သည်။
ထို့ပြင် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်သုံးလျှပ်စစ်ဓါတ်အားထုတ်လုပ်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းများတွင် (၁) သဘာဝဓာတ်ငွေ့သုံး သို့မ ဟုတ် ဇီဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်း(၂)စွန့်ပစ်ပစ္စည်းမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်း (၃) ပေါင်းစပ်စွမ်းအင် (ဓာတ်ငွေ့နှင့် အပူစွမ်းအင်) သုံးလျှပ်စစ် ဓာတ်အားထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်း (၄)နေရောင်ခြည်၊ လေစွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်း လုပ်ငန်းများလည်း စသည်တို့ ပါဝင်ကြောင်း သိရသည်။
ထို့နည်းတူ လျှပ်စစ်သုံးယာဉ်အတွက် လျှပ်စစ်ဓာတ်အား ဖြည့်သွင်းခြင်းဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများလျှပ်စစ်သုံးယာဉ် အ တွက် ဘက်ထရီထုတ်လုပ်ခြင်းလုပ်ငန်းများ၊ဘက်ထရီနှင့်ဆက်စပ်သော ဝန်ဆောင်မှုလုပ်ငန်းများ ၊ လျှပ်စစ်သုံးဘတ်စ်ကားများပြေးဆွဲခြင်းဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ လျှပ်စစ်သုံးအငှားယာဉ် (Taxi) နှင့် ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းများ၊ သိပ္ပံဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ၊ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာတီထွင်မှုနှင့် သုတေသနလုပ်ငန်းများ၊ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းများ technical testing and analysis (၃) လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ နည်းပညာအထောက်အကူပြုလူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဖြစ်ကြောင်း သိရသည်။
အထက်ဖော်ပြပါ ဦးစားပေးမြှင့်တင်မည့်ရင်းနှီးမြှုပ်နှံမှုကဏ္ဍများတွင် အကျုံးဝင်သော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများသည် မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေပုဒ်မ ၇၇ ပုဒ်မခွဲ (က)အရ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း တည်ထောင်မှုကာလ (သို့မဟုတ်) ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ပြင်ဆင်မှုကာလအတွင်း အမှန်တကယ်လိုအပ်၍ ပြည်ပမှတင်သွင်းသော စက်ပစ္စည်းများ၊ အသုံးအဆောင်တန်ဆာပလာများ၊ စက်ကိရိယာအစိတ်အပိုင်းများ၊ စက်အရန်ပစ္စည်းများ၊ ပြည်တွင်း၌ ဝယ်ယူရရှိနိုင်ခြင်းမရှိသော တည်ဆောက်ရေးပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများအပေါ်တွင် အကောက်ခွန်ဖြစ်စေ၊ အခြားပြည်တွင်း အခွန်အကောက်များဖြစ်စေ နှစ်မျိုးလုံးကိုဖြစ်စေကင်းလွတ်ခွင့် (သို့မဟုတ်) သက်သာခွင့်များအတွက်လည်း ကောင်း၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ ပုဒ်မ ၇၅ ပုဒ်မခွဲ (ဂ) နှင့်အညီ ဝင်ငွေခွန်ကင်းလွတ်ခွင့် ခံစားနိုင်ရန်အတွက်လည်းကောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ လျှောက်ထားနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။










