ဖေဖော်ဝါရီ ၁၇ ရက်က Taxi Driver 2 ဇာတ်လမ်းတွဲ စတင်ထုတ်လွှင့်မှုတွင် Taxi Driver ၏ ပထမဆုံး Season ထုတ်လွှင့်ချိန် ထက် ကြည့်ရှုမှုနှုန်း အလွန်မြင့်မားသည်ဟု သိရသည်။
Nielsen Korea ၏ အဆိုအရ Taxi Driver 2 ၏ ပထမဆုံးအပိုင်းသည် နိုင်ငံတစ်ဝန်းလုံးအတိုင်းအတာဖြင့် ပျမ်းမျှကြည့်ရှုနှုန်း ၁၂.၁ ရာခိုင်နှုန်းရှိကာ သောကြာ-စနေညအချိန် ထုတ်လွှင့်သည့် ဒရာမာဇာတ်လမ်းများတွင် ကြည့်ရှုမှုအများဆုံး ဇာတ်လမ်းစံချိန်ကို ရောက်ရှိခဲ့သည်။
ထို့ပြင် Taxi Driver 2 သည် အသက် ၂၀ မှ ၄၉ နှစ်အရွယ်ကြား ကြည့်ရှုသူများတွင် သောကြာနေ့ထုတ်လွှင့်သည့် အစီအစဉ်များအတွင်း ကြည့်ရှုသူအများဆုံးဖြစ်လာခဲ့ကာ ဆိုးလ်မြို့တော်ဧရိယာတွင် ပျမ်းမျှအဆင့် သတ်မှတ်ချက် ၅.၂ ရရှိခဲ့သည်။
Taxi Driver သည် တရားဥပဒေနည်းဖြင့် တရားမျှတမှုမရရှိသူများကိုယ်စား လက်စားချေပေးသည့် ထူးဆန်းသော တက္ကစီဝန် ဆောင်မှုအကြောင်း ရိုက်ကူးထားသည့် ဒရာမာဇာတ်လမ်းတွဲဖြစ်သည်။