၁၉၈၆ ခုနှစ်က တိုင်တန်းနစ်သင်္ဘောပျက်ရှိသည့်နေရာကို ရိုက်ကူးထားသည့် ရှားပါးဗီဒီယိုတစ်ခု ထွက်လာ

၁၉၈၆ ခုနှစ်က တိုင်တန်းနစ်သင်္ဘောပျက်ရှိသည့်နေရာကို ရိုက်ကူးထားသည့် ရှားပါးဗီဒီယိုတစ်ခု ထွက်လာ
Photo: Page Six
Photo: Page Six
Published 16 February 2023

အတ္တလန္တိတ်သမုဒ္ဒရာကြမ်းပြင်တွင်ရှိနေသည့် တိုင်တန်းနစ်သင်္ဘောပျက်ကို ရိုက်ကူးမှတ်တမ်းတင်ထားသည့် ရှားပါးဗီီဒီယိုတစ်ခု ဖေဖော်ဝါရီ ၁၅ ရက်က ထွက်ရှိလာသည်။ သင်္ဘောပျက်ကို စတင်တွေ့ခဲ့ချိန်မှ ဆယ်စုနှစ်များစွာအကြာ ၊ သင်္ဘောနစ်မြုပ်ခဲ့ချိန်မှ ရာစုနှစ်တစ်ခုကျော်အကြာတွင် ၎င်းဗီဒီယိုထွက် ပေါ်လာခြင်းဖြစ်သည်။

Woods Hole Oceanographic Institution(WHOI) ရေကြောင်းသုတေသနအဖွဲ့မှ ထုတ်ဖော်ပြသလိုက်ခြင်းဖြစ်ပြီး သမုဒ္ဒရာမျက်နှာပြင်မှ အနက်သုံးကီလိုမီတာခန့်အကွာ ၊ ၁၉၈၅ ခုနှစ်တွင် သင်္ဘောပျက်တွေ့ခဲ့ပြီးနောက် လပိုင်းအကြာတွင် ရိုက်ယူထားသည့် ဗီဒီယိုုဖြစ်သည်။

တိုင်တန်းနစ်သင်္ဘောနှင့်ပတ်သက်သည့် သတင်းမှတ်တမ်းများတွင် သင်္ဘောပျက်ကိုရိုက်ပြထားမှုများ ပါခဲ့သော်လည်း ယခု ထွက်လာသည့် You Tube ပေါ်မှ မိနစ် ၈၀ ကြာဗီဒီယိုတွင် ယခင်က အများမမြင်ဖူးသေးသည့်၊ တည်းဖြတ်ထားခြင်းမရှိသည့်မြင် ကွင်းများကို မြင်ရမည်ဖြစ်သည်။

တည်ဆောက်စဉ်က ရေမဖောက်ဝင်နိုင်လောက်ဟု ယူဆခဲ့ကြသည့် တိုင်တန်းနစ်သည် ထိုခေတ်အခါက အကြီးဆုံးပင်လယ်ကူး သင်္ဘောကြီးဖြစ်ပြီး အင်္ဂလန်မှနယူးယော့ခ်သို့သွားနေစဉ် ၁၉၁၂ ခုနှစ်၊ ဧပြီ ၁၄ ရက်တွင် ရေခဲတောင်နှင့်တိုက်မိကာ နစ်မြုပ်သွားခဲ့သည်။ထိုဖြစ်ရပ်ဆိုးအတွင်း လူပေါင်း ၁၅၀၀ ကျော် သေဆုံးခဲ့ပြီး သင်္ဘောပေါ်တွင် သက် ကယ်လှေအလုံအလောက် ရှိမနေခဲ့မှုက ဝေဖန်စရာဖြစ်ခဲ့ရသည်။

၁၉၈၅ ခုနှစ်၊ စက်တင်ဘာ ၁ ရက်တွင် WHOI မှအဖွဲ့တစ်ဖွဲ့နှင့် ပြင်သစ်အဖွဲ့တို့က  နှစ်ပိုင်းကျိုးနေသည့် တိုင်တန်းနစ်သင်္ဘော ပျက်ကို တွေ့ခဲ့ကြသည်။ ထို့နောက် ၁၉၈၆ ခုနှစ်၊ ဇူလိုင်တွင် ထိုမှတ်တမ်းဗီဒီယိုကို ရိုက်ယူခဲ့ကြသည်။ 

ဒါရိုက်တာဂျိမ်းစ်ကမ်မရွန်း ရိုက်ကူးသည့် ၁၉၉၇ တိုင်တန်းနစ်ရုပ်ရှင်ထွက်လာသည်မှာပင် ၂၅ နှစ်သက်တမ်းရှိပြီဖြစ်သည်။  တိုင်တန်းနစ်ဇာတ်ကားသည် အော်စကာဆုပေးပွဲတွင် အကောင်းဆုံးဇာတ်ကားဆုအပါအဝင် အော်စကာဆု ၁၁ ဆု ရခဲ့သည်။

Most Read

Most Recent