ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၁၀၀ စျေးသတ်မှတ်ထားပြီး ပြင်ပစျေးကွက်တွင် တစ်ဒေါ်လာ ၂၈၅၇ ကျပ်ဝန်းကျင် ရှိနေဟုသိရ

ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၁၀၀ စျေးသတ်မှတ်ထားပြီး ပြင်ပစျေးကွက်တွင် တစ်ဒေါ်လာ ၂၈၅၇ ကျပ်ဝန်းကျင် ရှိနေဟုသိရ
Published 16 February 2023

ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်း တစ် ဒေါ်လာ ကျပ် ၂၁၀၀ စျေးသတ်မှတ်ထားပြီး ပြင်ပစျေးကွက်တွင်တစ်ဒေါ်လာ ၂၈၅၇ ကျပ် ဝန်းကျင်ရှိနေဟု သိရသည်။

ဗဟိုဘဏ်နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ် လာ ၂၁၀၀ ကျပ်ဝန်းကျင် သတ်မှတ်ထားသော် လည်း ငွေလဲကောင်တာ အများစုတွင် တစ် ဒေါ်လာ ၂၈၄၇ ကျပ်ဖြင့် ဝယ်ယူနေပြီး ၂၈၅၇ ဝန်းကျင်ဖြင့် ပြန်လည်ရောင်းချနေကြောင်း သိရသည်။

“အခုကတော့ ပြင်ပစျေးကွက်မှာ ဒေါ်လာစျေးက ၂၈၄၇ ဝန်းကျင်မှာ ရှိနေ ပါတယ်။ ခုနေ့လည်မှာတော့ တစ်ဒေါ် လာ ၂၈၄ရကျပ်နဲ့ ဝယ်ပြီး ၂၈၅၇၅နဲ့ ပြန်ရောင်းနေတာကို တွေ့ရပါတယ်”ဟု ငွေလဲကောင်တာတွင် ဒေါ်လာ သွားရောက်ရောင်းချသူတစ်ဦးက ပြောကြားသည်။

ပြည်တွင်းစျေးကွက်အတွင်း ၂၀၂၃ ဖေဖော်ဝါရီ ၁၅ ရက်တွင် ဖြစ်ပေါ်သော အခြား နိုင်ငံခြားငွေကြေးများ လဲလှယ်မှုနှုန်းထားများ မှာ ယူရို၃၀၆ဝကျပ်၊ စင်ကာပူဒေါ်လာ ၂၁၆၅ ကျပ်၊ မလေးရှားရင်းဂစ် ၆၇၀  ကျပ်၊ ထိုင်း ဘတ် ၈၆ ကျပ်၊ တရုတ်ယွမ် ၄၁၉ ကျပ်၊ ဂျပန် ယန်း ၂၂ ကျပ်တို့ဖြစ်သည်။

နိုင်ငံခြားငွေများ တရားမဝင်ရောင်းဝယ်နေသည့် အွန်လိုင်းလုပ်ငန်းများကို နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေနှင့် စည်းမျဉ်းများအရ ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း သြဂုတ် ၂၇ ရက်ဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် က ထုတ်ပြန်ထားသည်။

တရားမဝင်အွန်လိုင်းသတင်းမီဒီယာများမှ နိုင်ငံစီးပွားရေးတိုးတက်မှုကို အဟန့်အတားဖြစ်စေရန်နှင့် အများပြည်သူများအား စိုးရိမ်ပူပန်မှုများ မြင့်တက်စေရန် ရည်ရွယ်ပြီး နိုင်ငံခြားငွေများ ပြတ်လပ်ကာ နိုင်ငံခြားငွေ လဲလှယ်နှုန်းများ မြင့်တက်ဖွယ်ရှိကြောင်း၊ စက်သုံးဆီများ ပြတ်လပ်မှုများဖြစ်ပေါ်ပြီး စက်သုံးဆီစျေးနှုန်းများ ပိုမိုမြင့်တက်လာမည် ဖြစ်ကြောင်း ဖော်ပြရေးသားလျက်ရှိပါသည်။

ကုန်စျေးနှုန်းကြီးမားမှုကို ဖြစ်ပေါ်စေသော ပြင်ပအကြောင်းအရာများနှင့်ဆက်စပ်၍ စက်သုံးဆီစျေးနှုန်းများ ကျဆင်းရေးအ တွက် နိုင်ငံခြားငွေများ လွယ်ကူစွာရရှိနိုင်ရေး၊ ဘဏ်များ၊ စက်သုံးဆီတင်သွင်းသူ လုပ်ငန်းရှင်များနှင့် ညှိနှိုင်းဆွေးနွေးလျက်ရှိပြီး ၊တိုင်းပြည်စီးပွားရေးကို အဓိကထိန်းကျောင်း ပံ့ပိုးပေးနေသော ဆက်စပ်ဝန်ကြီးဌာနများနှင့်အတူ ထိန်းညှိဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်၍ တရားမဝင်သတင်းမီဒီယာ များ၏ လှုံ့ဆော်မှုများကို ပြည်သူများအနေ ဖြင့် စိုးရိမ်ပူပန်ကြောင့်ကြမှုများ မဖြစ်ကြပါ ရန်နှင့်  နိုင်ငံခြားငွေစျေးနှုန်း ဆွဲတင်နေသူ များ၊ အွန်လိုင်းမှတရားမဝင်နိုင်ငံခြားငွေ များ ရောင်းဝယ်သူများအပေါ် ယုံကြည်ဆောင် ရွက်ခြင်းမပြုကြပါရန်နှင့် နိုင်ငံခြားငွေများ  တရားမဝင်ရောင်းဝယ်နေသည့် အွန်လိုင်း လုပ်ငန်းများကိုလည်း နိုင်ငံခြားသုံးငွေစီမံ ခန့်ခွဲမှုဥပဒေနှင့် စည်းမျဉ်းများအရ ထိ ရောက်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိကာလတွင် အမေရိကန်နိုင်ငံ ဗဟိုဘဏ်မှ အတိုးနှုန်းမြှင့်တင်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိပြီး ထပ်မံ၍အတိုးနှုန်း မြှင့်တင်သွားမည်ဟု ကြေညာမှုများကြောင့် အမေရိကန်ဒေါ်လာ အားကောင်းပြီး တန်ဖိုး တက်နေသဖြင့် ၎င်းနှင့်လဲလှယ်သည့်အခြား ငွေကြေးများမှာ တန်ဖိုးကျဆင်းလျက်ရှိပါသည်။

Most Read

Most Recent