အသစ်ထွက်ရှိလာမည့် ရုပ်ရှင်ဇာတ်ကားအတွက် ဒါရိုက်တာရှန်ကာနှင့်အတူ ရိုက်ကူးရေးနှင့် အလုပ်များနေသည့် သရုပ်ဆောင် ရမ်ချာရန်သည် ကင်ဆာရောဂါခံစားနေရသည့် ငယ်ရွယ်သောပရိသတ်တစ်ဦးနှင့် ဖေဖော်ဝါရီ ၁၀ ရက်နေ့၌ သွားရောက် တွေ့ဆုံခဲ့သည်။
RRR သရုပ်ဆောင်ရမ်သည် ဟိုက်ဒရာဘတ်ရှိ Sparsh ဆေးရုံသို့ သွားရောက်ခဲ့ကာ ၎င်း၏ပရိသတ်ဖြစ်သော အသက်ကိုးနှစ်အ ရွယ် ရာဗူလာမာနီကူရှဲလ်နှင့် တွေ့ဆုံခဲ့ပြီး လက်ဆောင်တစ်ခုနှင့်အတူ အံ့အားသင့်စေရန် ပြုလုပ်ခဲ့သည်။
၎င်းတို့နှစ်ဦးတွေ့ဆုံသည့် ဓာတ်ပုံများ Twitter ၌ ပျံ့နှံ့ခဲ့ပြီးလူအများက ရမ်၏ ကြင်နာတတ်သောအပြုအမူနှင့်ပတ်သက်၍ ချီး ကျူးပြောကြားခဲ့သည်။
ပရိသတ်တစ်ဦးက ဓာတ်ပုံကိုမျှဝေရာ၌ “ရမ်ရာရန်ဟာ ကင်ဆာဝေဒနာခံစားနေရတဲ့ အသက်ကိုးနှစ်အရွယ်ကလေးတစ်ဦးနဲ့ တွေ့ဆုံခဲ့ပါတယ်။ ရမ်ဟာသူနဲ့အတူတွေ့ဆုံချင်တဲ့ ကလေးငယ်ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးခဲ့ပါတယ်”ဟု ရေးသားခဲ့သည်။
ရမ်သည် ၎င်း၏အနုပညာသက်တမ်းအတွင်း ဒါရိုက်တာရှန်ကာနှင့် ပထမဆုံးအကြိမ် တွဲဖက်အလုပ်လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။ RC 15 ဟု လက်ရှိမှည့်ခေါ်ထားသည့် ယင်းရုပ်ရှင်သည် အိန္ဒိယမြောက်ပိုင်းရုပ်ရှင်လောက အတွင်းသို့ ရှန်ကာ၏ ချဉ်းနင်းဝင်ရောက်မှု ဖြစ်လာလိမ့်မည်ဖြစ်သည်။
ရမ်သည် ဒါရိုက်တာဘူချီဘာဘူဆာနာနှင့်အတူ အားကစားအခြေပြုရုပ်ရှင်ရိုက်ကူးရန်လည်း အလားအလာရှိနေသည်။ ရမ်နှင့် ဇနီးဖြစ်သူ အူပါဆာနာကိုနီဒယ်လာတို့သည် မိဘများဖြစ်လာရန် အဆင်သင့်ဖြစ်နေပြီဟု ထုတ်ပြန်ကြေညာထားသည်။