တစ်နှစ်ပြည့်သွားပြီ ဖြစ်တဲ့ မီးမီးမွှေး ထုတ်လုပ်ရေး

တစ်နှစ်ပြည့်သွားပြီ ဖြစ်တဲ့ မီးမီးမွှေး ထုတ်လုပ်ရေး
Published 6 February 2023

မျိုးဆက်သစ် အနုပညာဝါသနာရှင်တွေကို နေရာပေးလက်တွဲခေါ်ကာ ဇာတ်လမ်းတွဲများ ရိုက်ကူးလျက်ရှိတဲ့ မီးမီးမွှေး ထုတ်လုပ်ရေး တစ်နှစ်ပြည့်ခဲ့ပြီ ဖြစ်သည်။

တစ်နှစ်ပြည့် အခမ်းအနားကို ဒါရိုတာများ ၊ အနုပညာရှင်များ. မီးမီးမွှေး ထုတ်လုပ်ရေးမှ စင်တင်မျိုးဆက်သစ် အနုပညာရှင်များ တတ်ရောက်ခဲ့သည်။

သင်းမာ၊ ဝတ္ထု ၊  စိတ်ကြိုးစေရာ ရုပ်ရှင် ထပ်မံပြီး ဒါရိုက်တာ ထွဋ်တင့်ထွန်းနှင့်ရိုက်ကူးမည့် အပိုင်း 30 seriesစသည့် ဇာတ်လမ်းများကို အနုပညာရှင်များ မျိုးဆက်သစ် များနှင့်  ရိုက်ကူး ရန်စီစဉ်ထားသည်။

မီးမီးမွှေး ထုတ်လုပ်ရေးရဲ့ ထုတ်လုပ်သူ ကိုမျိုးမျိုး မှ ထုတ်လုပ်ရေး နှင့်ပက်သတ်ပြီး“၂၀၂၃ နောက်ပိုင်းမှာ series တွဲတွေ လူကြိုက်များလာနိုင်တယ်၊ ဇာတ်လမ်းတွဲတွေက အရမ်း နေရာယူလာပါပြီ။ဇာတ်ကားတွေကို ဈေးကောင်းကောင်းနဲ့ ဇာတ်အိမ်ကောင်းကောင်းနဲ့ ရိုက်ထားသူရှိသလို အဖြစ်သဘောမျိုးရိုက်ထားကြတာ တွေ့တော့ ဈေးကွက်ပျက်ပြီး ပေါ့ပျက်ပျက်ကားမျိုးတွေ ဖြစ်မှာတော့ စိုးရိမ်မိပါတယ် ။ ၂၀၂၃ မှာ ပရိသတ် တွေ ဇာတ်လမ်းတွဲ တွေ အများကြီးကို ကြည်ရူ့ရမှာပါ။ ၂၀၂၃ မှာ series တွဲတွေ ရိုက်ကူးမှု များလာမယ်လို့ ကျွန်တော် သုံးသပ်ပါတယ်။ series တွဲတွေကို ပရိသတ်ကြိုက်နှစ်သက်မှု များလာမယ်လို့ ကျွန်တော်ထင်တယ်။  ကျွန်တော် ကတော့ Mic &Stun Media တို့ရဲ့ Founder တစ်ဦးဖြစ်ပြီး မီးမီးမွှေး ထုတ်လုပ်ရေး ကို လုပ်ကိုင်လျက်ရှိပါတယ်။ ရိုက်ကူးပြီးတဲ့ ဇာတ်လမ်းတွဲတွေက ဂယက်ဆိုင်၊ ညီမလေးတစ်ယောက် ကောက်ရထားသည်၊ စိမ့်စမ်းခ နွေလယ်ဦးရဲ့တန်ခူးဧည့်သည် နှင့် ဆည်းဆာစိမ်းစိမ်း တို့ပါ။ movies တွေကတော့ တိမ်နဲ့ရေးတဲ့ အရုပ်အစေခံ စတဲ့ ဇာတ်လမ်း များကို ထုတ်လုပ်ရိုက်ကူးထားပါတယ်''ဟုပြောကြားသည်။

 

 

Most Read

Most Recent