ဘီယွန်းဆေး၏ ဗြိတိန်ဖျော်ဖြေရေးခရီးစဉ်အတွက် အကြိုလက်မှတ်ရောင်းချချိန်တွင် ပရိသတ်များက လက်မှတ်များကို အလုအယက်ဝယ်ယူခဲ့ကြ

ဘီယွန်းဆေး၏ ဗြိတိန်ဖျော်ဖြေရေးခရီးစဉ်အတွက် အကြိုလက်မှတ်ရောင်းချချိန်တွင် ပရိသတ်များက လက်မှတ်များကို အလုအယက်ဝယ်ယူခဲ့ကြ
Published 3 February 2023

အဆိုတော်ဘီယွန်းဆေး၏ ခုနှစ်နှစ်အတွင်း ပထမဆုံးတစ်ကိုယ်တော်ကမ္ဘာလှည့် ဖျော်ဖြေပွဲခရီးစဉ်တွင် ဗြိတိန်ဖျော်ဖြေပွဲအ တွက် ပထမဆုံးအကြိုလက်မှတ် စတင်ရောင်းချချိန်တွင် ပရိသတ်များက လက်မှတ်များကို အလုအယက်ဝယ်ယူခဲ့ကြသည်။

02 ကဇာတ်ရုံတွင်ပြုလုပ်မည့် ဖျော်ဖြေပွဲအတွက် လက်မှတ်များကို စတင်ရောင်းချပေးနေသော်လည်း လက်မှတ်ရောင်းချပေး သည့် Application နှင့် ဝက်ဘ်ဆိုဒ်တွင် ပြဿနာအချို့ရှိခဲ့သည်ဟု ဆိုသည်။

လက်မှတ်စျေးနှုန်းများအနေဖြင့် ၅၆ ပေါင်မှ ၁၉၉ ပေါင်အထိရှိပြီး အထူးတန်းအတွက် ၁၉၅၀ ပေါင်မှ ၂၃၉၀ ပေါင်အထိ သတ်မှတ်ထားသည်ဟု ဆိုသည်။ ဖေဖော်ဝါရီ ၃ ရက်နှင့် ၆ ရက်တို့တွင် နောက်ထပ်အကြို လက်မှတ်ရောင်းချမှုများကို ပြုလုပ်သွားမည် ဖြစ်သည်။

ဘီယွန်းဆေး၏ ကာဒစ်ဖ်၊ အီဒင်ဘာ့ဂျ်၊ ဆန်းဒါးလန်းနှင့် လန်ဒန်တို့တွင်ပြုလုပ်မည့် ဗြိတိန်ဖျော်ဖြေပွဲငါးခုအတွက် လက်မှတ်များကို ဖေဖော်ဝါရီ ၇ ရက်တွင် ရောင်းချသွားမည် ဖြစ်သည်။

ဘီယွန်းဆေး၏ ဂရမ်မီဆန်ခါတင်စာရင်းဝင် Renaissance အယ်လ်ဘမ်ပရိုမိုးရှင်းအဖြစ် ဗြိတိန်တွင်ပြုလုပ်မည့် ဖျော်ဖြေပွဲများသည် ကမ္ဘာလှည့်ဖျော်ဖြေပွဲ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

ယင်းဖျော်ဖြေပွဲကို ဆွီဒင်တွင် မေ ၁၀ ရက်၌ စတင်ပြုလုပ်သွားမည်ဖြစ်ပြီး တစ်ပတ်အကြာ၌ ကာဒစ်ဖ်တွင် ဖျော်ဖြေပွဲပြုလုပ်သွားမည်ဖြစ်သည်။

ထို့နောက် ဘီယွန်းဆေးသည် မေ ၂၀ ရက်တွင် အီဒင်ဘာဂျ့်၏ Murrayfield ၌ လည်းကောင်း၊ မေ ၂၃ ရက်တွင် ဆန်းဒါးလန်း၏ Stadium of Light တွင်လည်းကောင်း၊ မေ ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် လန်ဒန်၏ တော့တန်ဟမ် ဟော့စပါးအားကစားကွင်း၌ လည်းကောင်း ဖျော်ဖြေပွဲကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ဘီယွန်းဆေးသည် ၂၀၁၈ ခုနှစ်တွင် ၎င်း၏ခင်ပွန်း ဂျေဇီးနှင့်အတူ ၎င်း၏နောက်ဆုံး အကြိမ်ဖျော်ဖြေမှုတွင် သတ်မှတ်ထား သည့် လက်မှတ်စျေးနှုန်းအတိုင်း အကြမ်းဖျင်းသတ်မှတ်ရောင်းချခဲ့သည်။ ယင်းငါးလကြာ ဖျော်ဖြေမှုခရီးစဉ်တွင် ဒေါ်လာ ၂၇၅ သန်း ရရှိလိမ့်မည်ဟု Billboard မဂ္ဂဇင်းက ခန့်မှန်းခဲ့သည်။

Most Read

Most Recent