ဗီလိန်ဇာတ်ရုပ်ဖြင့် ပရိသတ်သဘောကျနေသူများထဲ Crush Landing on You မင်းသမီး ဆိုဂျီဟဲလည်းပါလာ

ဗီလိန်ဇာတ်ရုပ်ဖြင့် ပရိသတ်သဘောကျနေသူများထဲ Crush Landing on You မင်းသမီး ဆိုဂျီဟဲလည်းပါလာ
Photo - Soompi
Photo - Soompi
Published 26 January 2023

ဇာတ်ကားအများစုတွင် လူကောင်းနေရာမှ မြင်ရလေ့ရှိသည့် သရုပ်ဆောင်ဆိုဂျီဟဲကို ၂၀၂၀ ဇာတ်လမ်းတွဲ Crush Landing on You ထုတ်လွှင့်ပြီးကတည်းက ပရိသတ်များ ရင်းနှီးကြပြီးဖြစ်လိမ့်မည်။ ထိုဇာတ်လမ်းတွဲက ဆိုဂျီဟဲကို  အောင်မြင်သည့်လမ်းကြောင်း ပေါ်တွန်းတင်ပေးခဲ့ပြီး၊ နောက်ပိုင်း ၎င်းကို ခေါင်းဆောင်မင်းသမီးဇာတ်ရုပ်များတွင် မြင်လာရသည်။

ဆိုဂျီဟဲကို ဖက်ရှင်ကျကျ၊ခပ်မိုက်မိုက် သူဌေးသမီးနေရာမှ တွေ့ရဖန်များသော်လည်း ယခုပြသလျက်ရှိသည့် Red Balloon ဇာတ်လမ်းတွဲက ပုံမှန်သရုပ်ဆောင်နေကျဇာတ်ရုပ်မျိုးမှ ၎င်းကိုကွဲထွက်စေခဲ့သည်။ ဆင်းရဲသည့် မိသားစုမှမွေးဖွားလာပြီး သူငယ်ချင်း၏ ယောကျ်ားကိုလုရန်ကြိုးစားသည့် ဂျိုအွန်ဂန်းအဖြစ် ဆိုဂျီဟဲ၏ဗီလိန်ပီပြင်မှုကို ပရိသတ်က သဘောကျနေကြသည်။

ကာရိုက်တာရွေးချယ်မှုကို အပြောင်းကြီး ပြောင်းလဲလိုက်ခြင်းဖြစ်ပြီး ထိုဆုံးဖြတ်ချက်က   ဆိုဂျီဟဲအတွက်မှန်ကန်ခဲ့သည်။ အပြင်ပုံပန်းက တည်ငြိမ်အေးဆေးသော်လည်း အတွင်းစိတ်က မနာလိုစိတ် အကြံအစည်များဖြင့် ခန့်မှန်းရခက်သည့်မိန်းကလေးအဖြစ် Red Balloon တွင် သရုပ်ဆောင်ထားသည်။

အသက် ၃၈ နှစ်အရွယ်ဆိုဂျီဟဲသည် Crushing Landing On You မှ တွဲဖက်သရုပ်ဆောင်ကင်ဂျောင်ဟွန်း(ဇာတ်လမ်းထဲတွင်၎င်း၏ချစ်သူ)နှင့် တွဲနေသည်ဟု ကောလာဟလထွက်လိုက်သေးသည်။ ဆွဲဆောင်မှုရှိသည့်အတွက် ကျောင်းသူဘဝကတည်းက ရေပန်းအစားဆုံးကျောင်းသူများထဲ ဆိုဂျီဟဲပါခဲ့သည်။

Most Read

Most Recent