ဘောလိဝုဒ်သရုပ်ဆောင် အမီတာဘက်ချမ်းက ဆော်ဒီနိုင်ငံရီးယာ့ဒ်မြို့တော်တွင် ဘောလုံးအကျော်အမော် လီယွန်နယ်မက်ဆီ ၊ ခရစ်စတီယာနိုရော်နယ်ဒိုတို့နှင့် တွေ့ဆုံခဲ့သည့်အတွက် ဇန်နဝါရီ ၁၉ ရက် ညနေခင်းအချိန်သည် မယုံကြည်နိုင်လောက် အောင် ထူးခြားခဲ့သည်ဟု ပြောကြားခဲ့သည်။
ယင်းကစားသမားများသည် King Fahd နိုင်ငံတကာအားကစားကွင်းတွင် PSG နှင့် Saudi All-Star XI ပြိုင်ပွဲတွင် ပါဝင်ခဲ့ ကြခြင်းဖြစ်သည်။
အမီတာဘက်ချမ်းက ဇန်နဝါရီ ၁၉ ရက် ညနေခင်းအချိန်သည် ၎င်းအတွက် ထူးခြားခဲ့ကြောင်း ဇန်နဝါရီ ၂၀ ရက်တွင် Twitter ၌ ရေးသားခဲ့သည်။
“ခရစ်တီယာနိုရော်နယ်ဒို၊ လီယွန်နယ်မက်ဆီ၊ အမ်ဘက်ပေ၊ နေမာ ကစားသမား အားလုံးအတူတူကစားနေကြတဲ့ ရီယာ့ဒ်ရဲ့ ညနေခင်းတစ်ခု။ PSG vs Riyadh အားကစားပွဲ အံ့သြစရာပါ”ဟု အမီတာဘက်က Twitter တွင် ရေးသားခဲ့သည်။
အမီတာဘက်ချမ်း၏ ပရိသတ်များက ၎င်းမျှဝေထားသည့် အားကစားပွဲဗီဒီယိုကို အံ့အားသင့်ဖွယ် ပြန်လည်မျှဝေခဲ့ကြသည်။
“ဘောလိဝုဒ်ရဲ့ အမြဲတမ်းအတွက် အကျော်အမော်က ကမ္ဘာ့ဘောလုံး အမြဲတမ်းအတွက် အကျော်အမော်တွေနဲ့ တွေ့ဆုံနေပါ တယ်”ဟု အင်တာနက်အသုံးပြုသူတစ်ဦးက ရေးသားခဲ့သည်။
နောက်ထပ်အင်တာနက်အသုံးပြုသူ တစ်ဦးကလည်း “အမီတာအတွက် ကျွန်တော်တို့တွေ ဂုဏ်ယူမိပါတယ်။ ခင်ဗျားရဲ့ ရိုးရိုးကုပ် ကုပ်နေတတ်ပြီး ခင်ဗျားရဲ့ဂုဏ်သိက္ခာကတော့ သင်ယူရမယ့်ကိစ္စပါ။ ကမ္ဘာပေါ်က အကောင်းဆုံး မင်းသားတစ်ဦးနဲ့ လက်ဆွဲနှုတ် ဆက်ရတဲ့အတွက် သူတို့ ကံကောင်းတယ်” ဟု ရေးသားခဲ့သည်။
ယင်းဗီဒီယို၌ အမီတာဘက်ချမ်းသည် အားကစားကွင်းအတွင်းသို့ ပြိုင်ပွဲတာဝန်ရှိသူများနှင့်အတူ ဝင်ရောက်ခွင့်ရရှိပြီး ကစားသမား တိုင်းနှင့် တွေ့ဆုံခွင့့်ရရှိခဲ့သည်။
သူသည် မက်ဆီ၊ ရော်နယ်ဒို၊ အမ်ဘာပေနှင့် နေမာတို့နှင့် လက်ဆွဲနှုတ်ဆက်ခဲ့သည်။ ဘောလုံးအကျော်အမော်တို့၏ဘေးတွင် ရပ်နေကြသည့် ကလေးများသည် ကွင်းအတွင်းသို့ အမီတာဘက်ကို မြင်တွေ့သည့်အခါ အံ့သြခဲ့ကြသည်။ ယင်းပြိုင်ပွဲတွင် PSG က All-Star XI အသင်းကို ငါးဂိုး-လေးဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ယင်းသည် ၂၀၂၀ ပြည့် နှစ်နောက်ပိုင်း မက်ဆီနှင့်ရော်နယ်ဒိုတို့ ယှဉ် ပြိုင်သည့် ပထမဆုံးကစားပွဲဖြစ်ခဲ့သည်။









