Bvlgari ကုမ္ပဏီက လီဆာနှင့်လက်တွဲကာ limited edition လက်ပတ်နာရီတစ်လုံး ထုတ်လုပ်

Bvlgari ကုမ္ပဏီက လီဆာနှင့်လက်တွဲကာ limited edition လက်ပတ်နာရီတစ်လုံး ထုတ်လုပ်
Photo - Bvlgari
Photo - Bvlgari
Published 18 January 2023

လက်ပတ်နာရီနှင့် လက်ဝတ်ရတနာများ ထုတ်လုပ်ရာ အီတလီကုမ္ပဏီ Bvlgari က Blackpink အဖွဲ့ဝင်လီဆာနှင့် ဒီဇိုင်းပူးပေါင်းဖန်တီးကာ limited edition လက်ပတ်နာရီ တစ်လုံး ထုတ်လုပ်ခဲ့သည်။ လီဆာသည် ၂၀၂၀ ခုနှစ်ကတည်းက Bvlgari တံဆိပ်၏ global embassador အဖြစ် ဆောင်ရွက်လာသူဖြစ်သည်။

Bvlgari Bvlgari x Lisa အမည်ဖြင့် ဇန်နဝါရီ ၁၄ ရက်ကထွက်လာသည့် ၎င်းနာရီကို စတီးနှင့် rose gold အရောင်စပ်ဖန်တီး ထားပြီး ဒိုင်ခွက်က အပြာ၊အစိမ်း၊ ပန်းခရမ်းတို့ဖြင့် သက်တံ့ရောင် ခပ်ဆန်းဆန်းဖြစ်သည်။ စိန်ပွင့် ၁၂ ပွင့်က နာရီအချိန်ကို ကိုယ်စားပြုပြီး နာရီလက်တံနှစ်ခုကို rose gold အရောင်ပင် ပြုလုပ်ပေးထားသည်။

နာရီနောက်ကျောတွင် လီဆာကိုယ်တိုင် ဒီဇိုင်းရေးပေးထားသည့် ၎င်းအကြိုက်ဆုံး edelweiss ပန်း (ဥရောပတောင်ပေါ်ပန်းတစ်မျိုး ၊ နှင်းစက်ပန်းဟုလည်းခေါ်)ပုံပါရှိပြီး ပွင့်ဖတ်များအလယ်တွင် လီဆာကိုကိုယ်စားပြုသည့် L စာလုံးထည့်ထားသည်။

နာရီအရွယ်အစား နှစ်မျိုးထုတ်လုပ်ခဲ့ကာ ၃၃ မီလီမီတာအရွယ်အစားကို အလုံးရေ ၇၀၀ ထုတ်ပြီး ၂၃ မီလီမီတာအရွယ်အစားကို အလုံးရေ ၃၀၀ သာ ကန့်သတ်ထုတ်ခဲ့သည်။

Bvlgari ၏စီအီးအို အဆိုအရ ကုမ္ပဏီအတွက် documentary တစ်ခုရိုက်ရင်း ၎င်းနာရီထုတ်ရန်စိတ်ကူးကို လီဆာကရခဲ့ခြင်းဖြစ်သည်။ လီဆာ၏အောင်မြင်မှုအရှိန်အဝါမှာလည်း မသေးသည့်အတွက် နာရီအားလုံး ရောင်းထွက်သွားပြီး ရှေ့လျှောက်လည်း လက်တွဲဖန်တီးမှုများ မြင်ရဖွယ်ရှိသည်။

Most Read

Most Recent