မြန်မာနိုင်ငံသားများဘဏ်က ဘဏ်ခွဲငါးဘဏ်ကို ပိတ်သိမ်းပြီးဖြစ်ကြောင်းနှင့် ဘဏ်ခွဲအသစ် သုံးဘဏ် ဖွင့်လှစ်ကြောင်း ကြေညာ

မြန်မာနိုင်ငံသားများဘဏ်က ဘဏ်ခွဲငါးဘဏ်ကို ပိတ်သိမ်းပြီးဖြစ်ကြောင်းနှင့် ဘဏ်ခွဲအသစ် သုံးဘဏ် ဖွင့်လှစ်ကြောင်း ကြေညာ
Published 30 December 2022

မြန်မာနိုင်ငံသားများဘဏ်က ဘဏ်ခွဲ ငါးဘဏ်အား ပိတ်သိမ်းပြီးဖြစ်ကြောင်း ဘဏ်ခွဲအသစ်သုံးဘဏ်ကို ဖွင့်လှစ်ခဲ့ကြောင်း ဒီဇင်ဘာ ၂၉ ရက်တွင်သတင်းထုတ်ပြန်ကြေညာသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ခွင့်ပြုချက်ဖြင့် ပိတ်သိမ်းခြင်း၊ အသစ်ဖွင့်လှစ်ခြင်းတို့ကို ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရင်းနှီးမြှုပ်နှံသူများနှင့် အစုရှယ်ယာရှင်တို့အား အသိပေးအပ် ကြောင်း ယင်းဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ခွင့်ပြုချက်အရ ပိတ်သိမ်းခဲ့သည့် ဘဏ်ငါးဘဏ်မှာ စစ်ကိုင်းတိုင်းဒေသကြီး ၊ မုံရွာမြို့ရှိ မုံရွာ ဘဏ်ခွဲငယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ မူ ဆယ် ၁၀၅ မိုင် ၊ ကုန်သွယ်ရေးဇုံမှ မူဆယ် ဘဏ်ခွဲ(၁) ၊  မန္တလေးမြို့၊ မဟာအောင်မြေ မြို့နယ်မှ မန္တလေးဘဏ်ခွဲ(၄) ၊ စစ်ကိုင်းတိုင်း ဒေသကြီး ၊ တန့်ဆည်မြို့နယ်မှ တန်ဆည် ဘဏ်ခွဲ၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူ ခရိုင်၊ ကန့်ဘလူမြို့နယ် ၊ ဇီးကုန်းမြို့မှဇီးကုန်း ဘဏ်ခွဲတို့ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသားများဘဏ်က မုံရွာ ဘဏ်ခွဲငယ်နှင့်မူဆယ်ဘဏ် ခွဲ(၁) တို့ကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၉ ရက်တွင် ပိတ်သိမ်းခဲ့ကြောင်း သိရသည်။

ထို့နည်းတူ  မန္တလေးဘဏ်ခွဲ(၄) အား ယခုနှစ် မတ် ၂၅ ရက်တွင်လည်းကောင်း၊  တန့်ဆည်ဘဏ်ခွဲ၊ ဇီးကုန်းဘဏ်ခွဲတို့အား ယခုနှစ် ဒီဇင်ဘာ ၇ ရက်တွင်လည်းကောင်း ပိတ်သိမ်းခဲ့ကြောင်း သိရသည်။

အသစ်ဖွင့်လှစ်ခဲ့သည့် ဘဏ်ခွဲများမှာ မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်မြို့မှ ပြင်ဦးလွင်ဘဏ်ခွဲ ၊ ရန်ကုန်တိုင်းဒေသကြီး ၊ သင်္ဃန်းကျွန်းမြို့နယ်မှ ကမာကြည်ဘဏ်ခွဲ ၊ ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတမြို့နယ်မှ ဟင်္သာတဘဏ်ခွဲတို့ဖြစ်ကြောင်း သိရသည်။

ပြင်ဦးလွင်ဘဏ်ခွဲကို ၂၀၂၂ ခုနှစ် သြဂုတ် ၁၉ ရက်တွင်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကမာကြည်ဘဏ်ခွဲကို နိုဝင်ဘာ ၁ ရက်တွင်လည်းကောင်း၊  ဧ ရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတဘဏ်ခွဲကို ဒီဇင်ဘာ ၂၆ ရက်တွင်လည်းကောင်း ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံသားများဘဏ် (MCB) က ထုတ်ပြန်ထားသည်။

Most Read

Most Recent