COVID-19 ဓာတ်ခွဲနမူနာ ၁၀၂၄၃ ခုအား စစ်ဆေးရာ အတည်ပြုလူနာသစ် ၂၆၉ ဦးတွေ့ရှိပြီး နှစ်ဦးသေဆုံးကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ စက်တင်ဘာ ၁၉ ရက်ညပိုင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါဓာတ်ခွဲစစ်ဆေးမှုများမှာ စက်တင်ဘာ ၁၈ ရက် ည ၈ နာရီမှ စက်တင်ဘာ ၁၉ ရက် ည ၈ နာရီအထိ စစ်ဆေးခဲ့သည့် စစ်ဆေးမှုများဖြစ်ကြောင်း သိရသည်။
ယင်းကြောင့် စက်တင်ဘာ ၁၉ ရက် ည ၈ နာရီအထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၈၉၃၄၇၄၆ ခုအား စစ်ဆေးပြီးစီးခဲ့ပြီး ဓာတ်ခွဲအတည်ပြုလူနာစုစာပေါင်း ၆၁၉၁၆၇ ဦးရှိကာ သေဆုံးသူစုစုပေါင်း ၁၉၄၄၈ ဦးရှိပြီဖြစ်ကြောင်း သိရသည်။
ထို့ပြင် စက်တင်ဘာ ၁၉ ရက်တွင် ပြန်လည်ကောင်းမွန်လာသူ ၂၃၆ ဦးရှိသဖြင့် စက်တင်ဘာ ၁၉ ရက်အထိ ပြန်လည်ကောင်းမွန်လာသူ စုစုပေါင်း ၅၉၅၆၂၁ ဦးရှိပြီဖြစ်ကြောင်း သိရသည်။
COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာများ၏ COVID-19 ရောဂါကာကွယ်ဆေးထိုးနှံထားရှိမှု အခြေအနေများကို ဆန်းစစ်ချက်အရ COVID-19 ရောဂါဖြစ်ပွားသူများ၏ (၈၀) ရာခိုင်နှုန်းမှာ ကာကွယ်ဆေး လုံးဝထိုးနှံထားခြင်းမရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။













