COVID-19 ဓာတ်ခွဲနမူနာ ၁၁၁၉၁ ခုအား စစ်ဆေးရာ အတည်ပြုလူနာသစ် ၂၉၉ ဦးတွေ့ရှိပြီး တစ်ဦးသေဆုံး

COVID-19 ဓာတ်ခွဲနမူနာ ၁၁၁၉၁ ခုအား စစ်ဆေးရာ အတည်ပြုလူနာသစ် ၂၉၉ ဦးတွေ့ရှိပြီး တစ်ဦးသေဆုံး
Published 13 September 2022

 

စက်တင်ဘာ ၁၂ ရက် ည ၈ နာရီမှ ၁၃ ရက် ည ၈ နာရီအထိ COVID-19 ဓာတ်ခွဲနမူနာ ၁၁၁၉၁ ခုအား စစ်ဆေးရာ အတည်ပြုလူနာသစ် ၂၉၉ ဦး‌တွေ့ရှိပြီး တစ်ဦး သေဆုံးကြောင်း စက်တင်ဘာ ၁၃ ရက်ညပိုင်း ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

ယင်းအတွက်ကြောင့် စက်တင်ဘာ ၁၃ ရက် ည ၈ နာရီအထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၈၈၆၆၇၆၂ ခုအား စစ်ဆေးခဲ့ပြီး ဓာတ်ခွဲအတည်ပြုလူနာပေါင်း ၆၁၇၃၅၅ ဦးရှိကာ တစ်ဦး ထပ်မံသေဆုံးသဖြင့် သေဆုံးသူစုစုပေါင်း ၁၉၄၄၃ ဦးရှိကြောင်း သိရသည်။

 

ထို့ပြင် စက်တင်ဘာ ၁၃ ရက်တွင် နေအိမ်တွင် သီးခြားထားရှိခြင်းနှင့် ဆေးရုံများတွင် သီးခြားထားရှိ ကုသမှုပေးခြင်းများဆောင်ရွက်ခဲ့ရာ ပြန်လည်ကောင်းမွန်လာသူ ၁၂၄ ဦးရှိသဖြင့် ပြန်လည်ကောင်းမွန်လာသူ စုစုပေါင်း ၅၉၄၄၆၃ ဦးရှိပြီဖြစ်ကြောင်း သိရသည်။

 

ထိုသို့ ဓာတ်ခွဲစမ်းသပ်မှုများကို ကျန်းမားရေးဝန်ကြီးဌာန ဓာတ်ခွဲခန်းများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဆေးရုံများတွင် GeneXpert စက်များဖြင့် ဓာတ်ခွဲစမ်းသပ်မှုအခြေအနေ၊ တပ်မတော်ဆေးရုံကြီးများ၏ ဓာတ်ခွဲခန်းများတွင် ဓာတ်ခွဲစစ်ဆေးမှုအခြေအနေ၊ ပုဂ္ဂလိကဆေးရုံနှင့် ဓာတ်ခွဲခန်းများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဆေးရုံများနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနများမှာ COVID-19 Rapid Antigen Diagnostic Test ဖြင့် စမ်းသပ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent