COVID-19 ဓာတ်ခွဲနမူနာ ၇၉၁၈ ခုအား စစ်ဆေးရာ ပြည်ပမှဝင်ရောက်လာသူ ရှစ်ဦးနှင့် ပြည်တွင်းမှ ၆၀ ဦး၊ စုစုပေါင်း ၆၈ ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိပြီး သေဆုံးသူမရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ဩဂုတ် ၂၉ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ဓာတ်ခွဲစစ်ဆေးမှုများမှာ ဩဂုတ် ၂၈ ရက် ည ၈ ညနာရီမှ ဩဂုတ် ၂၉ ရက် ည ၈ နာရီအထိ စစ်ဆေးခဲ့သည့် စစ်ဆေးမှုများဖြစ်ကြောင်း သိရသည်။
ယင်းကြောင့် ဩဂုတ် ၂၉ ရက် ည ၈ နာရီအထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၈၇၂၇၂၀၂ ခုအား စစ်ဆေးခဲ့ပြီး ဓာတ်ခွဲအတည်ပြုလူနာပေါင်း ၆၁၅၀၃၀ ဦးရှိကာ သေဆုံးသူမရှိကြောင်း၊ ထို့ကြောင့် ဩဂုတ် ၂၉ ရက်အထိ သေဆုံးသူစုစုပေါင်း ၁၉၄၃၇ ဦးရှိပြီဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဩဂုတ် ၂၉ ရက်တွင် ပြန်လည်ကောင်းမွန်လာသူ ၂၀ ဦးရှိသဖြင့် ဩဂုတ် ၂၂ ရက်အထိ ပြန်လည်ကောင်းမွန်လာသူစုစုပေါင်း ၅၉၃၄၉၅ ဦးရှိပြီဖြစ်ကြောင်း သိရသည်။
ထို့အပြင် ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာများအနက် သံသယဖြစ်ဖွယ် ဓာတ်ခွဲနမူနာများအား COVID-19 ရောဂါမျိုးရိုးဗီဇပြောင်းရောဂါပိုး စစ်ဆေးခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ပြည်ပမှ ဝင်ရောက်လာသူများနှင့် ပြည်တွင်းတွင် ကူးစက်ဖြစ်ပွားသူများတွင် အိုမီခရွန်မျိုးရိုးဗီဇပြောင်းရောဂါပိုး BA.4၊ BA.5၊ BA.2.75 နှင့် BA.2.76 တို့ ကူးစက်မှုများရှိနေကြောင်း တွေ့ရှိရသည်ဟု ကျန်းမာေရးဝန်းကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။













