COVID-19 ဓာတ်ခွဲနမူနာ ၇၀၉၇ ခုအားစစ်ဆေးရာ အတည်ပြုလူနာသစ် ၁၈ ဦး တွေ့ရှိ

COVID-19 ဓာတ်ခွဲနမူနာ ၇၀၉၇ ခုအားစစ်ဆေးရာ အတည်ပြုလူနာသစ် ၁၈ ဦး တွေ့ရှိ
Published 15 August 2022

ဩဂုတ် ၁၄ ရက်  ည ၈ ညနာရီမှ ဩဂုတ် ၁၅ ရက် ည ၈ နာရီအတွင်း COVID-19 ဓာတ်ခွဲနမူနာ ၇၀၉၇ ခုအား စစ်ဆေးရာ အတည်ပြုလူနာသစ် ၁၈ ဦး တွေ့ရှိပြီး သေဆုံးသူမရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏  ဩဂုတ် ၁၅ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယင်းကြောင့် ဩဂုတ် ၁၅ ရက် ည ၈ နာရီအထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၈၆၂၄၉၀၃ ခုအား စစ်ဆေးခဲ့ပြီး ဓာတ်ခွဲအတည်ပြုလူနာပေါင်း  ၆၁၄၄၀၇ ဦးရှိကာ သေဆုံးသူမရှိကြောင်း၊ ထို့ကြောင့် ဩဂုတ် ၁၅ ရက်အထိ သေဆုံးသူစုစုပေါင်း ၁၉၄၃၅ ဦးရှိပြီဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဩဂုတ် ၁၅ ရက်တွင် ပြန်လည်ကောင်းမွန်လာသူ ခြောက်ဦးရှိသဖြင့် ဩဂုတ် ၁၅ ရက်အထိ ပြန်လည်ကောင်းမွန်လာသူ စုစုပေါင်း ၅၉၃၀၉၉ ဦးရှိပြီဖြစ်ကြောင်း သိရသည်။

ထိုသို့စစ်ဆေးခဲ့သည့် ဓာတ်ခွဲနမူနာစုစုပေါင်းမှာ ကျန်းမာရေးဝန်ကြီးဌာန ဓာတ်ခွဲခန်းများ၊ ‌နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ GeneXpert စက်များဖြင့် ဓာတ်ခွဲစမ်းသပ်မှုအ‌ခြေအနေ၊ ပုဂ္ဂလိကဆေးရုံနှင့် ဓာတ်ခွဲခန်းများ၊ တပ်မတော်ဆေးရုံကြီးများ၏ ဓာတ်ခွဲခန်းများတွင် ဓာတ်ခွဲစစ်ဆေးမှုအခြေအနေ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ဆေးရုံများတွင် COVID-19 Rapid Antigen Diagnostic Test စစ်ဆေးမှု၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကျန်းမာရေးဦးစီးဌာနများတွင် COVID-19 Rapid Antigen Diagnostic Test ဖြင့် စစ်ဆေးခဲ့သည့် စစ်ဆေးမှုများဖြစ်ကြောင်း သိရသည်။

Most Read

Most Recent