COVID-19 ဓာတ်ခွဲနမူနာ ၆၃၀၄ ခု စစ်ဆေးရာ အတည်ပြုလူနာသစ် ၁၅ ဦး တွေ့ရှိ

COVID-19 ဓာတ်ခွဲနမူနာ ၆၃၀၄ ခု စစ်ဆေးရာ အတည်ပြုလူနာသစ် ၁၅ ဦး တွေ့ရှိ
Published 8 August 2022

 

COVID-19 ဓာတ်ခွဲနမူနာ ၆၃၀၄ ခု စစ်ဆေးရာ အတည်ပြုလူနာသစ် ၁၅ ဦး တွေ့ရှိပြီး

သေဆုံးသူမရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ဩဂုတ် ၈ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

အဆိုပါ ဓာတ်ခွဲစစ်ဆေးမှုများမှာ သြဂုတ် ၇ ရက် ည ၈ ညနာရီမှ ဩဂုတ် ၈ ရက် ည ၈ နာရီအထိ စစ်ဆေးခဲ့သည့် စစ်ဆေးမှုများဖြစ်ကြောင်း သိရသည်။

 

ယင်းကြောင့် ဩဂုတ် ၈ ရက် ည ၈ နာရီအထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၈၅၈၂၄၁၄ ခုအား စစ်ဆေးခဲ့ပြီး ဓာတ်ခွဲအတည်ပြုလူနာပေါင်း ၆၁၄၂၁၃ ဦးရှိကာ သေဆုံးသူမရှိကြောင်း၊ ထို့ကြောင့် သေဆုံးသူစုစုပေါင်း ၁၉၄၃၄ ဦးရှိပြီဖြစ်ကြောင်း သိရသည်။

 

ထို့ပြင် ဩဂုတ် ၈ ရက်တွင် ပြန်လည်ကောင်းမွန်လာသူ ၂၀ ဦးရှိသဖြင့် ဩဂုတ် ၈ ရက်အထိ ပြန်လည်ကောင်းမွန်လာသူ စုစုပေါင်း ၅၉၀၁၈ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

 

ထိုသို့ စစ်ဆေးခဲ့သည့် ဓာတ်ခွဲနမူနာ စုစုပေါင်းမှာ ကျန်းမာရေးဝန်ကြီးဌာန ဓာတ်ခွဲခန်းများ ၊

တပ်မတော်ဆေးရုံကြီးများ၏ ဓာတ်ခွဲခန်းများတွင် ဓာတ်ခွဲစစ်ဆေးမှု အခြေအနေ ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ဆေးရုံများတွင် COVID-19 Rapid Antigen Diagnostic Test စစ်ဆေးမှု ၊

နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကျန်းမာရေးဦးစီးဌာနများတွင် COVID-19 Rapid Antigen Diagnostic Test ဖြင့် စစ်ဆေးခဲ့သည့် စစ်ဆေးမှုတို့ဖြစ်ကြောင်း သိရသည်။

 

ထို့အပြင် ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံမှု ခံယူထားခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးရမှုကို ၇ ဆ ခန့်အထိ လျှော့ချနိုင်သည်ကို တွေ့ရှိရကြောင်း၊ လူတိုင်းစေ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံထားရှိရန် လိုအပ်ပြီး ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၊ သွေးတိုး၊ နှလုံး၊ ဆီးချို အစရှိသည့် နာတာရှည်ရောဂါ ရှိသူများသည်လည်း ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံကြရန် အထူးလိုအပ်ကြောင်း ၊ နိုင်ငံတကာခရီးသွားကဏ္ဍတွင် COVID-19 ရောဂါကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံမှု ခံယူထားသူများအား COVID-19ရောဂါဆိုင်ရာ ကန့်သတ်ချက်များနှင့်ပတ်သက်၍ ဖြေလျှော့ပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်သည်။

Most Read

Most Recent