COVID-19 ဓာတ်ခွဲနမူနာ ၄၁၆၈ ခုအား စစ်ဆေးရာ အတည်ပြုလူနာသစ် ၈ ဦး တွေ့ရှိ

COVID-19 ဓာတ်ခွဲနမူနာ ၄၁၆၈ ခုအား စစ်ဆေးရာ အတည်ပြုလူနာသစ် ၈ ဦး တွေ့ရှိ
Published 7 August 2022

COVID-19 ဓာတ်ခွဲနမူနာ  ၄၁၆၈ ခုအား စစ်ဆေးရာ အတည်ပြုလူနာသစ် ၈  ဦး တွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏  သြဂုတ် ၇  ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။

သြဂုတ်  ၇  ရက် ည ၈ နာရီအထိ ဓာတ်ခွဲအတည်ပြုလူနာပေါင်း ၆၁၄,၁၉၈ ဦးရှိကာ  သေဆုံးသူမရှိကြောင်း သိရသည်။

ထို့ပြင်  ဆေးရုံများတွင် ကုသပြီး ပြန်လည်ကောင်းမွန်လာသူနှင့် နေအိမ်တွင် သီးခြားထားရှိရာမှ ပြန်လည်ကောင်းမွန်လာသူ ၁၃ ဦးရှိသဖြင့်  ပြန်လည်ကောင်းမွန်လာသူစုစုပေါင်း   ၅၉၂,၉၉၈ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

Most Read

Most Recent