ခြောက်လအတွင်း ပြည်ပသို့ ချုပ်ပြီးအထည်တင်ပို့မှုမှ ဒေါ်လာ ၂၂၂၉ သန်းကျော်ရရှိခဲ့ပြီး လအလိုက်တင်ပို့မှုအနေဖြင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာတွင် အများဆုံးတင်ပို့ခဲ့ခြင်းဖြစ်

ခြောက်လအတွင်း ပြည်ပသို့ ချုပ်ပြီးအထည်တင်ပို့မှုမှ ဒေါ်လာ ၂၂၂၉ သန်းကျော်ရရှိခဲ့ပြီး လအလိုက်တင်ပို့မှုအနေဖြင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာတွင် အများဆုံးတင်ပို့ခဲ့ခြင်းဖြစ်
 ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်
Published 30 July 2022

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အောက်တိုဘာမှ မတ်လအထိ (Mini Budget) ခြောက်လအတွင်း ပြည်ပသို့ ချုပ်ပြီးအထည် တင်ပို့ မှုမှ ဒေါ်လာ ၂၂၂၉ သန်းကျော် ရရှိခဲ့ပြီး လအလိုက်တင်ပို့မှုအနေဖြင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် အများဆုံးတင်ပို့ခဲ့ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အောက်တိုဘာမှ မတ်လအထိ (Mini Budget) ခြောက်လအတွင်း လအလိုက် ပြည်ပသို့ ချုပ်ပြီးအထည်တင်ပို့မှုအနေဖြင့် အောက်တိုဘာတွင် ဒေါ်လာ ၃၀၂ ဒသမ ၉ သန်း၊ နိုဝင်ဘာတွင် ၃၃၇ ဒသမ ၉ သန်း၊ဒီဇင်ဘာတွင် ၄၁၄ ဒသမ ၃ သန်း၊ ဇန်နဝါရီတွင် ၄၁၀ ဒသမ ၃ သန်း၊ ဖေဖော်ဝါရီတွင် ၃၆၀ ဒသမ ၆ သန်း၊ မတ်လတွင် ဒေါ်လာ ၄၀၃ ဒသမ ၈ သန်းဖြင့် စုစုပေါင်းဒေါ်လာ ၂၂၂၉ ဒသမ  ၈ သန်းရရှိခဲ့ကြောင်း သိရသည်။

လအလိုက် ပြည်ပသို့ ချုပ်ပြီးအထည်တင်ပို့မှုအနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင် ဒေါ်လာ ၂၁၇ ဒသမ ၂ သန်း၊ မတ်တွင် ဒေါ်လာ ၂၆၈ သန်း၊ဧပြီတွင်ဒေါ်လာ ၂၃၈ ဒသမ ၇ သန်း၊မေတွင်ဒေါ်လာ ၂၇၈ ဒသမ ၅ သန်း၊ ဇွန်တွင်ဒေါ်လာ ၃၁၉ ဒသမ ၃ သန်း၊ဇူလိုင်တွင်ဒေါ်လာ ၃၁၀ ဒသမ ၇ သန်း၊သြဂုတ်တွင်ဒေါ်လာ ၄၂၄ ဒသမ ၅ သန်း၊ စက်တင်ဘာတွင်ဒေါ်လာ ၃၇၈ ဒသမ ၃ သန်း၊အောက်တိုဘာတွင်ဒေါ်လာ ၃၀၂ ဒသမ ၉ သန်း၊ နိုဝင်ဘာတွင်ဒေါ်လာ ၃၃၇ ဒသမ ၉ သန်း၊ ဒီဇင်ဘာတွင်ဒေါ်လာ ၄၁၄ ဒသမ ၃ သန်း၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီတွင် ဒေါ်လာ ၄၁၀ ဒသမ ၃ သန်း၊ ဖေဖော်ဝါရီတွင် ၃၆၀ ဒသမ ၆ သန်း၊ မတ်တွင် ၄၀၃ ဒသမ ၈ သန်းရရှိခဲ့သည်။

၂၀၁၉-၂၀၂ဝဘဏ္ဍာနှစ်တွင် အထည်ချုပ်(ချုပ်ပြီးအထည်) တင်ပို့မှုမှ ဒေါ်လာ ၄ ဒသမ ၈ ဘီလျံနီးပါးရရှိခဲ့သော်လည်း ယခင်နှစ်ကာလတူထက် ဒေါ်လာ ၆၃ သန်းကျော် လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံတွင် အထည်ချုပ်လုပ်ငန်းကို CMP လက်ခစားစနစ်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး ဂျပန်၊ တရုတ်၊ ကိုရီးယား၊ EU နိုင်ငံတို့မှ CMP စနစ်ဖြင့် အော်ဒါအဓိက မှာယူနေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။

၂၀၁၈ ခုနှစ်တွင် အထည်ချုပ်(ချုပ်ပြီး အထည်)အများဆုံးတင်ပို့ထားသည့် ၁၀ နိုင် ငံစာရင်းကိုလေ့လာကြည့်ပါက အီးယူအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဂျာမနီနိုင်ငံသို့ ဒေါ်လာသန်း ၉၃၀၊ ယူကေသို့ ဒေါ်လာ ၃၂၃ သန်း၊ စပိန်နိုင်ငံသို့ ဒေါ်လာ ၂၉၄ သန်း၊ပြင်သစ်နိုင်ငံသို့ ဒေါ်လာ ၂၆၆ သန်း၊ဒိန်းမတ်နိုင်ငံသို့ဒေါ်လာ ၁၅၈ သန်း၊အီတလီသို့ဒေါ်လာ ၁၅၇ သန်း၊နယ်သာလန်နိုင်ငံသို့ ဒေါ်လာ ၁၄၅ သန်းအထိ တင်ပို့ထားခြင်းဖြစ်သည်။

အများဆုံးတင်ပို့ထားသည့် ၁၀ နိုင်ငံအနက် ဂျပန်နိုင်ငံသို့ဒေါ်လာ ၈၃၄ သန်း၊ကိုရီးယားသို့ဒေါ်လာ ၃၉၉ သန်း၊အမေရိကန်နိုင်ငံသို့ ဒေါ်လာ ၂၁၁ သန်းအထိတင်ပို့ထားသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့အထည်ချုပ်(ချုပ်ပြီးအထည်)တင်ပို့မှုကိုလေ့လာကြည့်ပါက ၂၀၁၀ ပြည့်နှစ်၌ အထည်ချုပ်တင်ပို့မှုတွင် ဒေါ်လာ ၃၃၇ သန်းသာရှိခဲ့ရာမှ ၂၀၁၄ ခုနှစ်တွင် သုံးဆအထိ မြင့်တက်လာခဲ့ပြီး ဒေါ်လာတစ်ဘီလျံနီးပါးခန့်အထိ ရောက်ရှိလာခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် ချုပ်ပြီးအထည် တင်ပို့မှုကို လေ့လာကြည့်ပါက၂၀၁၀ ခုနှစ်တွင် ဒေါ်လာ ၃၃၇ သန်းသာရှိခဲ့ရာမှ ၂၀၁၄ ခုနှစ်တွင် သုံးဆအထိ မြင့်တက်လာခဲ့ပြီး ဒေါ်လာ တစ်ဘီလျံနီးပါးအထိ ရောက်ရှိခဲ့သည်။

၂၀၁၅ ခုနှစ်တွင် အထည်ချုပ်(ချုပ်ပြီးအထည်)တင်ပို့မှုသည် ဒေါ်လာ ၁ ဒသမ ၄၆ ဘီလျံအထိရှိလာပြီး မြန်မာနိုင်ငံ၏ စုစုပေါင်းပို့ကုန်တန်ဖိုး၏ ၁၀ ရာခိုင်နှုန်းအထိ ရှိလာခဲ့သည်။

Most Read

Most Recent