ရန်ကုန်မြို့နှင့် ခရီးစဉ်ပျံသန်းမှု ရပ်နားထားသည့် Bangkok Airways လေကြောင်းလိုင်းက ရန်ကုန်-ဘန်ကောက်-ရန်ကုန် ခရီးစဉ်များကိုလာမည့် သြဂုတ်လ ၁ ရက်တွင် ပြန်လည်ပျံသန်းမည်

ရန်ကုန်မြို့နှင့် ခရီးစဉ်ပျံသန်းမှု ရပ်နားထားသည့် Bangkok Airways လေကြောင်းလိုင်းက ရန်ကုန်-ဘန်ကောက်-ရန်ကုန် ခရီးစဉ်များကိုလာမည့် သြဂုတ်လ ၁ ရက်တွင် ပြန်လည်ပျံသန်းမည်
Published 29 July 2022

Bangkok Airways လေကြောင်းလိုင်းက ရန်ကုန်-ဘန်ကောက်-ရန်ကုန်ခရီးစဉ် များကိုလာမည့် သြဂုတ် ၁ ရက်တွင် ပြန်လည် ပျံသန်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Commercial Flight များ ဆင်းသက်မှု စတင်နေပြီဖြစ်သည့် ရန်ကုန်အပြည်ပြည်ဆိုင် ရာလေဆိပ်တွင် Thai Air Asia ၏ ဘန် ကောက်-ရန်ကုန် လေကြောင်းခရီးစဉ်များ ပြန်လည်ပျံသန်းခဲ့ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ သတင်းရရှိသည်။

Thai Air Asia ၏ လေကြောင်းခရီးစဉ်များကို ဇူလိုင် ၁ ရက်နေ့မှစတင်ကာ ရန်ကုန်လေဆိပ်တွင် ပြန်လည်ပျံသန်းခဲ့ခြင်းဖြစ်ပြီး ဇူလိုင် ၁ ရက်  ဒေသစံတော်ချိန် နံနက် ၈ နာရီ ၂၅မိနစ်တွင် ထိုင်းနိုင်ငံဘန်ကောက်မြို့မှ ပျံသန်းဆိုက်ရောက်လာသော Thai Air Asia ၏ လေယာဉ်အမှတ် FD252သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

နိုင်ငံတကာလေကြောင်းလိုင်းတစ်ခုဖြစ်သည့် AirAsia(Behad)၏ ကွာလာလမ်ပူ-ရန်ကုန်လေကြောင်းခရီးစဉ်များကို ၂၀၂၂ ခုနှစ် ဇွန် ၃ ရက်မှစတင်ကာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြန်လည်ပျံသန်းခဲ့ကြောင်း သိရသည်။

AirAsia(Behad)သည် ရန်ကုန်မြို့နှင့် ကွာလာလမ်ပူမြို့အကြားအပတ်စဉ် တနင်္လာနှင့် သောကြာနေ့တိုင်း တစ်ပတ်လျှင် နှစ် ကြိမ်တိုက်ရိုက်ပျံသန်းမည်ဖြစ်ကြောင်း သိရသည်။

Commercial Flight များ ဆင်းသက်မှု ပြန်လည်စတင်နေပြီဖြစ်သည် ရန်ကုန်အပြည် ပြည်ဆိုင်ရာ လေဆိပ်တွင်  Nok Air၊ Thai Smile နှင့် Air Asia လေကြောင်းလိုင်းများက ခရီးစဉ်များ ပြန်လည်ပျံသန်းမည်ဖြစ်ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်က ထုတ်ပြန်ချက်များအရ သိရသည်။

၂၀၂၀ ခုနှစ် မတ် ၂၉ ရက်မှစတင်ကာ ဆိုင်းငံ့ထားခဲ့သည့် နိုင်ငံတကာခရီးသည်တင် လေကြောင်းခရီးစဉ်များကို ၂၀၂၂ ခုနှစ် ဧပြီ ၁၇ ရက်မှစတင်ကာ Singapore Airlines ၏ စင်ကာပူ-ရန်ကုန်ခရီးစဉ်ဖြင့် ပြန်လည်စတင်ခဲ့ခြင်းဖြစ်သည်။    

လက်ရှိတွင် Commercial Flight များ ဆင်းသက်မှုပြန်လည်စတင်နေပြီဖြစ်သည်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Malaysia Airlines ၊ Singapore Airlines ၊ ပြည်တွင်းလေကြောင်းလိုင်းနှစ်ခုဖြစ်သည့် MAI နှင့် MNA လေကြောင်းလိုင်းများက နိုင်ငံတကာခရီးစဉ်များကို ပျံသန်းနေခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇွန် ၁ ရက်တွင် Thai Smile လေကြောင်းလိုင်း၊ ဇွန် ၃ ရက်တွင် AirAsia(Behad) လေကြောင်းလိုင်းနှင့် ဇူလိုင် ၁ ရက် တွင် Nok Air၊ လေကြောင်းလိုင်း၊ Thai Smile လေကြောင်းလိုင်းများက ပြန်လည်ပျံသန်း ကြမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာလေကြောင်းခရီးစဉ်များ ဆင်းသက်မှု ယာယီရပ်ဆိုင်းထားပြီး ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်များသာ ပျံသန်း နေသည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Commercial Flight များအား ပြန်လည် စတင်နေပြီဖြစ်ပြီး နိုင်ငံပိုင် မြန်မာအမျိုးသား လေကြောင်းလိုင်း၏ စင်ကာပူ၊ ဘန်ကောက်နှင့် ကွာလာလမ်ပူခရီးစဉ်များပုံမှန်ပျံသန်းနေပြီ ဖြစ်သည်။

Most Read

Most Recent