COVID-19 ဓာတ်ခွဲနမူနာ ၆၁၇၅ ခုအား စစ်ဆေးရာ အတည်ပြုလူနာသစ် ၂၂ ဦး တွေ့ရှိ

COVID-19 ဓာတ်ခွဲနမူနာ ၆၁၇၅ ခုအား စစ်ဆေးရာ အတည်ပြုလူနာသစ် ၂၂ ဦး တွေ့ရှိ
Published 18 July 2022

COVID-19 ဓာတ်ခွဲနမူနာ ၆၁၇၅ ခုအား စစ်ဆေးရာ အတည်ပြုလူနာသစ် ၂၂ ဦး တွေ့ရှိပြီး သေဆုံးသူမရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ဇူလိုင် ၁၈ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါဓာတ်ခွဲစစ်ဆေးမှုများမှာ ဇူလိုင် ၁၇ ရက် ည ၈ နာရီမှ ဇူလိုင် ၁၈ ရက် ည ၈ နာရီအထိ စစ်ဆေးခဲ့သည့် စစ်ဆေးမှုများဖြစ်ကြောင်း သိရသည်။

ယင်းကြောင့် ဇူလိုင် ၁၈ ရက် ည ၈ နာရီအထိ ဓာတ်ခွဲနမူနာစုစုပေါင်း  ၈၄၆၃၂၉၆  ခုအား စစ်ဆေးခဲ့ပြီး ဓာတ်ခွဲအတည်ပြုလူနာပေါင်း  ၆၁၃၈၃၈ ဦးရှိကာ သေဆုံးသူမရှိကြောင်း၊ ထို့ကြောင့် သေဆုံးသူစုစုပေါင်း ၁၉၄၃၄  ဦးရှိပြီဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဇူလိုင် ၁၈ ရက်တွင် ပြန်လည်ကောင်းမွန်လာသူ ရှစ်ဦးရှိသဖြင့် ဇူလိုင် ၁၈ ရက်အထိ ပြန်လည်ကောင်းမွန်လာသူ စုစုပေါင်း ၅၉၂၇၄၄ ဦးရှိပြီဖြစ်ကြောင်း သိရသည်။

ထိုသို့စစ်ဆေးခဲ့သည့် ဓာတ်ခွဲနမူနာစုစုပေါင်းမှာ ကျန်းမာရေးဝန်ကြီးဌာန ဓာတ်ခွဲခန်းများ၊ တပ်မတော်ဆေးရုံကြီးများ၏ ဓာတ်ခွဲခန်းများတွင် ဓာတ်ခွဲစစ်ဆေးမှုအခြေအနေ၊ ပုဂ္ဂလိကဆေးရုံနှင့် ဓာတ်ခွဲခန်းများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ဆေးရုံများတွင် COVID-19 Rapid Antigen Diagnostic Test စစ်ဆေးမှု၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကျန်းမာရေးဦးစီးဌာနများတွင် COVID-19 Rapid Antigen Diagnostic Test ဖြင့် စစ်ဆေးခဲ့သည့် စစ်ေှှှှှှှှှှှှဆးမှုတို့ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံမှု ခံယူထားခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးရမှုကို ခုနစ်ဆ ခန့်အထိ လျှော့ချနိုင်သည်ကို တွေ့ရှိရကြောင်း၊ လူတိုင်းစေ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံထားရှိရန်လိုအပ်ပြီး ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၊ သွေးတိုး၊ နှလုံး၊ ဆီးချိုအစရှိသည့်  နာတာရှည်ရောဂါရှိသူများသည်လည်း ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံကြရန် အထူးလိုအပ်ကြောင်း၊  နိုင်ငံတကာခရီးသွားကဏ္ဍတွင် COVID-19 ရောဂါကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံမှု ခံယူထားသူများအား COVID-19 ရောဂါဆိုင်ရာ ကန့်သတ်ချက်များနှင့်ပတ်သက်၍ ဖြေလျှော့ပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်သည်။

Most Read

Most Recent