COVID-19 ဓာတ်ခွဲနမူနာ ၆၄၁၃ ခုအား စစ်ဆေးရာ အတည်ပြုလူနာသစ် ရှစ်ဦး တွေ့ရှိ

COVID-19 ဓာတ်ခွဲနမူနာ ၆၄၁၃ ခုအား စစ်ဆေးရာ အတည်ပြုလူနာသစ် ရှစ်ဦး တွေ့ရှိ
Published 14 June 2022

 

ဇွန် ၁၃ ရက် ည ၈ နာရီမှ ၁၄ ရက် ည ၈ နာရီအထိ COVID-19 ဓာတ်ခွဲနမူနာ ၆၄၁၃ ခုအား စစ်ဆေးရာ အတည်ပြုလူနာသစ် ရှစ်ဦး‌တွေ့ရှိကြောင်း ဇွန် ၁၄ ရက်ညပိုင်း ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

ဇွန် ၁၄ ရက် ည ၈ နာရီအထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၈၂၉၀၅၁၁ ခုအား စစ်ဆေးခဲ့ပြီး ဓာတ်ခွဲအတည်ပြုလူနာပေါင်း ၆၁၃၄၆၀ ဦးရှိကာ သေဆုံးသူစုစုပေါင်း ၁၉၄၃၄ ဦးရှိကြောင်း သိရသည်။

 

ထို့ပြင် ဇွန် ၁၄ ရက်တွင် နေအိမ်တွင် သီးခြားထားရှိခြင်းနှင့် ဆေးရုံများတွင် သီးခြားထားရှိ ကုသမှုပေးခြင်းများဆောင်ရွက်ခဲ့ရာ ပြန်လည်ကောင်းမွန်လာသူ ခုနစ်ဦးရှိသဖြင့် ပြန်လည်ကောင်းမွန်လာသူ စုစုပေါင်း ၅၉၂၄၃၉ ဦးရှိပြီဖြစ်ကြောင်း သိရသည်။

 

ထိုသို့ ဓာတ်ခွဲစမ်းသပ်မှုများကို ကျန်းမားရေးဝန်ကြီးဌာန ဓာတ်ခွဲခန်းများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဆေးရုံများတွင် GeneXpert စက်များဖြင့် ဓာတ်ခွဲစမ်းသပ်မှုအခြေအနေ၊ တပ်မတော်ဆေးရုံကြီးများ၏ ဓာတ်ခွဲခန်းများတွင် ဓာတ်ခွဲစစ်ဆေးမှုအခြေအနေ၊ ပုဂ္ဂလိကဆေးရုံနှင့် ဓာတ်ခွဲခန်းများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဆေးရုံများနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနများမှာ COVID-19 Rapid Antigen Diagnostic Test ဖြင့် စမ်းသပ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent