၂၀၂၃ ခုနှစ်တွင်ထုတ်လွှင့်ပြသမည့် အချစ်ဇာတ်မြူး Ask The Stars ဇာတ်လမ်းတွဲသစ်တွင် Lee Min-Ho နှင့် မင်းသမီး Gong Hyo-jin တို့ တွဲဖက်သရုပ်ဆောင်ထားသည်ဟု သိရသည်။
အာကာသစခန်းသို့လာရောက်လည်ပတ်သည့် တိုးရစ်နှင့် အာကာသယာဉ်မှူးတို့ တွေ့ပြီးချစ်ကြိုက်သွားကြသည့် ဇာတ်လမ်းဖြစ်ပြီး တိုးရစ်နေရာမှ Lee Min-Ho သရုပ်ဆောင်ထားကာ Gong က ကိုရီးယား-အမေရိကန် အာကာသယာဉ်မှူးနေရာမှ ပါဝင်ထားသည်။
Ask The Starsကို ရိုက်မည့်ဒါရိုက်တာက It’s Okay Not To Be Okay နှင့် Lovestruck in the City စသည့် နာမည် ကျော်ဇာတ်လမ်းတွဲများရိုက်ကူးခဲ့သူ Park Shin-woo ဖြစ်သည်။
အသက် ၄၁ နှစ်အရွယ် Gong အတွက် Ask The Stars က ၂၀၁၉ ခုနှစ်နောက်ပိုင်း ပထမဆုံးသရုပ်ဆောင်ထားသည့် ဇာတ်ကားဖြစ်ပြီး Lee Min-Ho က Pachinko ဇာတ်ကားတွင် လတ်တလောပါဝင်ထားကာ မကြာမီကမှ Apple Tv+ မှ ပြသထားသည်။









