အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်က ယူကရိန်းပဋိပက္ခတွင် လက်ရှိသမ္မတ ဂျိုးဘိုင်ဒင်နှင့် နေတိုးမဟာမိတ်အဖွဲ့ကို ဝေဖန်ခဲ့ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ချီး မွမ်းပြောဆိုခဲ့သည်။
ဖေဖော်ဝါရီ ၂၆ ရက်က ဖလော်ရီဒါပြည် နယ် အော်လန်ဒိုမြို့တွင် နှစ်စဉ်ပြုလုပ်သည့် ကွန်ဆာဗေးတစ်နိုင်ငံရေး လုပ်ဆောင်မှုညီလာခံ (CPAC) တွင် ထရန့်က ၈၆ မိနစ်ကြာ ပြောဆိုခဲ့ပြီး ၎င်းမကြာခဏပြောဆိုလေ့ရှိ သည့် လက်ဝဲအစွန်းရောက်ဆိုသည့် စကားလုံးနှင့် ၎င်းအား ဆန့်ကျင်သည့် အပြစ်ရှာ စွပ်စွဲမှုများအကြောင်းကို ပြောကြားခဲ့သည်။
ယူကရိန်းတွင် ပြင်းထန်သည့် ပေါက်ကွဲ မှုများဖြစ်ပွားနေချိန်တွင် ထရန့်က ရုရှား၏ ကျူးကျော်မှုအတွက် ဘိုင်ဒင်၏ အားနည်းမှု ကို ဝေဖန်ခဲ့ပြီး ပူတင်၏ ဉာဏ်စွမ်းကို အမွှမ်း တင်ပြောကြားခဲ့သည်။
“ကျွန်တော်တို့ရဲ့ ရွေးကောက်ပွဲသာ အ ကြံအဖန်မရှိခဲ့ဘူးဆိုရင် ဒီလိုမျိုး ထိတ်လန့် ဖို့ကောင်းတဲ့ ဖြစ်စဉ်မျိုး ဘယ်တော့မှ ဖြစ်လာ မှာမဟုတ်ဘူးဆိုတာကို လူတိုင်းနားလည်ကြ ပါတယ်” ဟု ထရန့်က ဆိုသည်။
နေတိုးမဟာမိတ်အဖွဲ့အနေဖြင့်လည်း အနည်းဆုံး စိတ်ပိုင်းဆိုင်ရာအရ ရုရှားကို ကြီးမားစွာထိုးနှက်ပြီး ပြဿနာကိုအဖြေရှာ ရမည့်အစား ပိတ်ဆို့မှုများဖြင့် ထိုးနှက်နေမှု သည် ဆင်ခြင်မှုကင်းမဲ့သည့်လုပ်ဆောင် ချက်ဖြစ်ကြောင်း ထရန့်က ပြောကြားခဲ့သည်။
“ပူတင်က ထက်မြက်နေတာက ပြဿ နာမဟုတ်ပါဘူး။ တကယ့်ပြဿနာကတော့ ကျွန်တော်တို့ရဲ့ ခေါင်းဆောင်တွေက တုံးအနေတာဖြစ်ပါတယ်” ဟု ထရန့်က ပြောကြားခဲ့သည်။
သမ္မတသက်တမ်း တစ်ကြိမ်အတွင်း နှစ်ကြိမ်တိုင် စွပ်စွဲပြစ်တင်ခံခဲ့ရသည့် ထရန့်သည် လူထုမြင်ကွင်းမှ တစ်နှစ်ကြာ ပျောက်ကွယ်ခဲ့ပြီးနောက် ရီပတ်ဘလစ်ကန်ပါတီအတွင်းတွင် ၎င်း၏သြဇာအာဏာတည်ရှိမှုနှင့်ပတ်သက်ပြီး မေးခွန်းများထွက်ပေါ်ခဲ့သည်။
ထရန့်သည် ၂၀၂၄ သမ္မတရွေးကောက် ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့်အရိပ်လက္ခဏာကို ပြသသည့်အနေဖြင့် ရွေးကောက်ပွဲနောက် တစ်ကြိမ်ဝင်သွားမည်ဟု ပြောကြားခဲ့သည်။
ရုရှားတပ်ဖွဲ့များသည် ယူကရိန်း၏မြို့ တော် ကိယက်ဗ်၏ ဆင်ခြေဖုံးဒေသများကို ဒုံးကျည်များဖြင့် ပစ်ခတ်နေပြီး တိုက်ပွဲမှာ ပိုမိုပြင်းထန်နေချိန်တွင် အမေရိကန်၏ အကြီးဆုံး ကွန်ဆာဗေးတစ် ညီလာခံဖြစ်သည့် CPAC တွင် ယူကရိန်းပဋိပက္ခသည် အဓိက ဆွေးနွေးသည့် ခေါင်းစဉ်တစ်ခုဖြစ်ခဲ့သည်။
ထရန့်က ဖိအားများဖြင့်ရင်ဆိုင်နေရသည့် ယူကရိန်းသမ္မတ ဇယ်လန်စကီးကို ရဲရင့်သူဖြစ်ကြောင်း ၎င်းကို ပထမအကြိမ် စွပ်စွဲပြစ်တင်ခံရမှု ဖြစ်ပွားစေခဲ့သည့် အရှုပ်တော်ပုံနှင့်ပတ်သက်ပြီး ယူကရိန်းသမ္မတ သည် ၎င်းအား အပြစ်မရှိကြောင်း ထုတ်ဖော် ကြေညာခဲ့သည်ဟု ထရန့်က မှားယွင်းစွာပြော ကြားခဲ့သည်။
ထရန့်သည် သမ္မတအဖြစ်တာဝန်ထမ်း ဆောင်ခဲ့ချိန်က ၂၀၂၀ သမ္မတရွေးကောက်ပွဲ မတိုင်မီ ၎င်း၏ပြိုင်ဘက် ဂျိုးဘိုင်ဒင်မိသားစု အား နိုင်ငံရေးအရှုပ်အထွေးတစ်ခုဖြစ်စေရန် ဇယ်လန်စကီးအား ဖိအားပေးခဲ့မှုမှာ မ အောင်မြင်ခဲ့သဖြင့် ယူကရိန်းကို အဓိက စစ်ရေးအထောက်အပံ့များ ဆိုင်းငံ့ခဲ့သည်။
ဒီမိုကရက်တစ် အမျိုးသား ကော်မတီ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး အက်ဒွန်နာ ဘီယယ်ကမူ အပြစ်မဲ့ ယူကရိန်းပြည်သူများ သည် ရုရှားဒုံးကျည်များနှင့် လက်တစ်ကမ်း အကွာတွင် အကာအကွယ်ယူနေရချိန်တွင် ရွေးကောက်ပွဲရှုံးနိမ့်ခဲ့သည့် သမ္မတဟောင်း ထရန့်သည် CPAC ၏စင်မြင့်ပေါ်တွင် ပူတင် ကို အရှက်ကင်းမဲ့စွာ ချီးမွမ်းပြောဆိုခဲ့ခြင်းဖြစ် သည်ဟု တုံ့ပြန်ပြောကြားခဲ့သည်။














