ရှမ်းပြည်နယ် တောင်ပိုင်း မြို့နယ် ခြောက်မြို့နယ်တွင် COVID-19 ရောဂါပိုးတွေ့လူနာ ၂၅ ဦး ထပ်တွေ့ပြီး ပိုးတွေ့ရာခိုင်နှုန်း ၁၂ ရာခိုင်နှုန်းနီးပါးရှိ

ရှမ်းပြည်နယ် တောင်ပိုင်း မြို့နယ် ခြောက်မြို့နယ်တွင် COVID-19 ရောဂါပိုးတွေ့လူနာ ၂၅ ဦး ထပ်တွေ့ပြီး ပိုးတွေ့ရာခိုင်နှုန်း ၁၂ ရာခိုင်နှုန်းနီးပါးရှိ
Published 22 December 2021
တောင်ကြီးမြို့မြင်ကွင်း

ရှမ်းပြည်နယ် တောင်ပိုင်း မြို့နယ်ပေါင်း ခြောက်မြို့နယ်တွင် ပိုးတွေ့လူနာပေါင်း ၂၅ ဦး တွေ့ရှိကြောင်း PHL-TGI(PCR) ၏ ဒီဇင်ဘာ ၂၁ ရက် ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ မြို့နယ်များမှာ မိုးနဲတွင် တစ်ဦး၊ လင်းခေး ရှစ်ဦး၊ လွိုင်လင် နှစ်ဦး၊ ဟိုပုံးတွင် ခုနစ်ဦး၊ တောင်ကြီး နှစ်ဦး၊ ပင်းတယ ငါးဦး၊ စုစုပေါင်း ၂၅ ဦးရှိကြောင်း သိရသည်။ စုစုပေါင်း စစ်ဆေးသည့် အရေအတွက် ၂၁၇ ခုတွင် ပိုးတွေ့ ၂၅ ဦး တွေ့ရှိခြင်းဖြစ်ပြီး ပိုးတွေ့ရှိနှုန်း ၁၁ ဒသမ ၅၂ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

ရှမ်းပြည်နယ် တောင်ပိုင်း လင်းခေးခရိုင် လင်းခေးမြို့နယ်တွင် ဒီဇင်ဘာ၂၁ ရက် စာရင်းအရ အတည်ပြုလူနာ၂၆ ဦး ထပ်မံတွေ့ရှိရပြီး တွေ့ရှိရသော ဒေသများမှာ တောင်ရွာ ခုနစ်ဦး၊ ရွာမနောက် လေးဦး၊ ဒါးဆိပ် လေးဦး၊ ဝမ်လွိုင် လေးဦး၊ ရွာမရှေ့ လေးဦး၊ ပင်ဝေါင် နှစ်ဦး၊ ပန်ကျိုင်း တစ်ဦးတို့ ဖြစ်ကြောင်း သိရသည်။ PDT ၁၈ ဦးနှင့် PCR စက်ကြီး ရှစ်ဦး ဖြစ်ကြောင်း လင်းခေးမြို့နယ် ကျန်းမာရေးဦးစီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

ကျန်းမာရေးဝန်ကြီးဌာန ဒီဇင်ဘာ ၂၁ ရက် ည ၁၀ နာရီ ထုတ်ပြန်ချက်အရ ရှမ်းပြည်နယ် တောင်ပိုင်း မြို့နယ် ၁၄ ခုတွင် ပိုးတွေ့ အတည်ပြုလူနာပေါင်း ၄၂ ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။

ပိုးတွေ့ အများဆုံးမှာ တောင်ကြီးနှင့် မိုင်းတုံတို့တွင် ကိုးဦးစီဖြစ်ပြီး လင်းခေးတွင် ရှစ်ဦး တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

လင်းခေးမြို့နယ်တွင် ဒီဇင်ဘာ ၂၀ ရက်အထိ စာရင်းအရ ဆေးရုံတက်လူနာ ၉၆ ဦး ရှိပြီး ကိုဗစ်ရောဂါကြောင့် သေဆုံး လူနာပေါင်း ၁၁ ဦးရှိကြောင်း လင်းခေးမြို့နယ် ကျန်းမာရေးဦးစီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

လင်းခေးမြို့နယ်သည် ရှမ်းပြည်နယ် တောင်ပိုင်းတွင် ကိုဗစ်ကပ်ရောဂါပိုး အများဆုံး တွေ့ရှိထားသော မြို့နယ်တစ်ခုဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံးတွင် တောင်ကြီးမြို့နယ် နှင့် လင်းခေးမြို့နယ်တို့သည် ကိုဗစ်ကပ်ရောဂါပိုး အတည်ပြုလူနာ အများဆုံးသော မြို့နယ် နှစ်ခုလည်း ဖြစ်သည်။

ဒီဇင်ဘာ၂၀ ရက် ထုတ်ပြန်ချက် စာရင်းအရ လင်းခေးမြို့နယ်တွင် စစ်ဆေးသူပေါင်း ၁၇၁ ဦး၊ ကိုဗစ်ပိုးတွေ့ရှိသူပေါင်း ခုနစ်ဦး၊ ပိုးတွေ့ရှိနှုန်း ၄ ဒသမ ၁ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

လင်းခေးမြို့နယ်တွင် ၂၀၂၁ ခုနှစ် ဇူလိုင် ၁၉ ရက်မှ ဒီဇင်ဘာ၂၀ ရက်အထိ ကိုဗစ်အတည်ပြု လူနာပေါင်း ၁၃၈၃  ဦးရှိကာ ရောဂါသက်သာလာသူပေါင်း ၁၂၇၆ ဦး၊ သေဆုံးသူပေါင်း ၁၁ ဦးရှိခဲ့ကြောင်း သိရသည်။

သေဆုံး လူနာများမှာ မ သုံးဦး၊ ကျား ရှစ်ဦး ဖြစ်ကြောင်း ၊ လက်ရှိ ဒီဇင်ဘာ၂၀ ရက် အထိ ဆေးရုံတက် လူနာပေါင်း ၉၆ ဦးရှိကာ လင်းခေးဆေးရုံတွင် ၇၉ ဦး၊ ဝမ်ဟတ်ဆေးရုံတွင် ၁၆ ဦး၊ ဟိုမိန်းဆေးရုံတွင် တစ်ဦး ဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာ ၁၉ ရက် စာရင်းအရ ကိုဗစ်အတည်ပြု လူနာပေါင်း ၂၁ ဦးအထိ တွေ့ရှိခဲ့ပြီး စံချိန်တင် တွေ့ရှိသော ရက်များမှာ နိုဝင်ဘာ ၂၆ ရက်တွင် ကိုဗစ်အတည်ပြုလူနာပေါင်း ၁၀၀ ဦးကျော် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ဒီဇင်ဘာ ၉ ရက်တွင် အတည်ပြုလူနာ ၃၂ ဦး၊ ဒီဇင်ဘာ ၁၀ ရက်တွင် ၂၉ ဦး စသဖြင့် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ဒီဇင်ဘာလကုန်ပိုင်းတွင် ကိုဗစ်ပိုးတွေ့လူနာ တွေ့ရှိနှုန်း တဖြည်းဖြည်း လျော့နည်း ကျဆင်းခဲ့ခြင်းဖြစ်ပြီး လင်းခေးမြို့နယ် ပြည်သူ့ဆေးရုံ အောက်ဆီဂျင်စက်ရုံ ကောင်းမွန်စွာလည်ပတ်၍ ကိုဗစ်လူနာများ လိုအပ်နေသော အောက်ဆီဂျင်ဓာတ်ငွေ့များကို ဖြည့်တင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

Most Read

Most Recent