ချန်ပီယံလိဂ်ဖလားရယူရန် PSG နည်းပြ ပိုချက်တီနို ပစ်မှတ်ထား

ချန်ပီယံလိဂ်ဖလားရယူရန် PSG နည်းပြ ပိုချက်တီနို ပစ်မှတ်ထား
Photo: Getty Images
Photo: Getty Images
Published 10 March 2021

 

PSG အသင်းနည်းပြ ပိုချက်တီနိုသည် ချန်ပီယံလိဂ်ဖလား ရယူနိုင်ရန် ပစ်မှတ်ထားနေပြီး ရရှိသည်အထိ တိုက်ပွဲဝင်သွားမည်ဟု ကြုံးဝါးပြောကြားခဲ့သည်။ 

PSG အသင်းသည် ပြီးခဲ့သည့်ရာသီက ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ ရောက်ရှိခဲ့သလို၊ လက်ရှိရာသီ ရှုံးထွက်(၁၆)သင်းအဆင့် ပထမအကျော့တွင်လည်း ဘာစီလိုနာအသင်းကို (၄-၁)ဂိုးဖြင့် အနိုင်ယူထားပြီး နောက်တစ်ဆင့်တက်ရန် နီးစပ်နေပြီဖြစ်သည်။ 

ပိုချက်တီနိုက "ချန်ပီယံလိဂ်ဖလား ရယူနိုင်ဖို့က အသင်းရဲ့ ပြတ်သားတဲ့ရည်မှန်းချက်ပါ။ လွယ်ကူမှာမဟုတ်ပေမဲ့ ရယူနိုင်တဲ့အထိ တိုက်ပွဲဝင်သွားမှာပါ"ဟု ပြောကြားခဲ့သည်။

Most Read

Most Recent