ပရီးမီးယားလိဂ်ချန်ပီယံလုပွဲတွင် မိမိတို့အသင်းကို မန်ချက်စတာယူနိုက်တက်အသင်း လိုက်မီနိုင်ကြောင်း ဂွါဒီယိုလာ ပြောကြား

 ပရီးမီးယားလိဂ်ချန်ပီယံလုပွဲတွင် မိမိတို့အသင်းကို မန်ချက်စတာယူနိုက်တက်အသင်း လိုက်မီနိုင်ကြောင်း ဂွါဒီယိုလာ ပြောကြား
Photo: Getty Images
Photo: Getty Images
Published 10 March 2021

 

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ပရီးမီးယားလိဂ်တွင် မန်ချက်စတာယူနိုက်တက်အသင်းအနေဖြင့် မိမိတို့အသင်းကို လိုက်မီနိုင်ကြောင်း ပြောကြားခဲ့သည်။ 

မန်ယူအသင်းသည် ပြီးခဲ့သည့် တနင်္ဂနွေနေ့က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် မန်စီးတီးအသင်းကို အဝေးကွင်းတွင် (၂-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ 

သို့သော် ပရီးမီးယားလိဂ်အမှတ်ပေးဇယားရပ်တည်မှုတွင် အဆင့်(၁)နေရာမှ မန်စီးတီးအသင်း (၆၅ မှတ်)နှင့် အဆင့်(၂)နေရာမှ မန်ယူအသင်း(၅၄ မှတ်)တို့ဟာ (၁၁)မှတ်အထိ ကွာဟနေသေးသည်။ 

ပရီးမီးယားလိဂ်ပြိုင်ပွဲပြီးဆုံးရန် (၁၀)ပွဲသာ လိုတော့သော်လည်း မန်စီးတီးအသင်း ခြေချော်မည်ဆိုပါက မန်ယူအသင်းအနေဖြင့် အမီလိုက်နိုင်စွမ်းရှိနေကြောင်း ဂွါဒီယိုလာက ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ဂွါဒီယိုလာက "ကျွန်တော်တို့အသင်း ပြိုင်ပွဲစုံ (၂၁)ပွဲဆက်နဲ့ ပရီးမီးယားလိဂ်မှာ (၁၅)ပွဲဆက် အနိုင်ရမယ်လို့ ဘယ်သူ့မှ ထင်ထားမှာ မဟုတ်ပါဘူး။ ဒီတော့ ဘောလုံးမှာ အရာအားလုံးက ဖြစ်နိုင်ပါတယ်။ မန်ယူအသင်းမျိုးက အဲဒီလိုလုပ်နိုင်စွမ်းရှိပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲပြီးဆုံးဖို့ (၁၀)ပွဲ လိုသေးပြီး ကျွန်တော်တို့အနေနဲ့ (၇)ပွဲနိုင်ရင် သချာင်္နည်းအရ ချန်ပီယံဖြစ်ပါပြီ။ အဲဒီအတွက် ကျွန်တော်တို့ ပွဲစဉ်တစ်ပွဲချင်းစီတိုင်းကို အာရုံစိုက်ပြီး ကြိုးစားသွားမှာပါ"ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent