အေစီမီလန်အသင်း၏ ၀ါရင့်တိုက်စစ်မှူး အီဘရာဟီမိုဗစ်က အသင်း၏နည်းစနစ်ဒါရိုက်တာ ပေါ်လိုမာလ်ဒီနီ အလိုရှိပါက အသင်းတွင် ဆက်နေသွားမည်ဟု ပြောကြားခဲ့သည်။
အသက် (၃၉)နှစ်အရွယ်ရှိ ဆွီဒင်ဝါရင့်တိုက်စစ်မှူး အီဘရာဟီမိုဗစ်သည် ရာသီကုန်တွင် အေစီမီလန်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည် ဖြစ်သည်။
အေစီမီလန်အသင်းအနေဖြင့် အသင်းတွင် ခြေစွမ်းပြနေသည့် အီဘရာဟီမိုဗစ်ကို စာချုပ်သက်တမ်းတိုးရန် အလိုရှိနေကြောင်း အီတလီမီဒီယာများက ဖော်ပြနေကြသည်။
အီဘရာဟီမိုဗစ်ကမူ မိမိအနာဂတ်ကို မသိရှိကြောင်းနှင့် အသင်းနည်းစနစ်ဒါရိုက်တာ ပေါ်လိုမာလ်ဒီနီ၏အပေါ်တွင် မူတည်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
အီဘရာဟီမိုဗစ်က "ကျွန်တော် မသိပါဘူး။ စောင့်ကြည့်ရမှာပါ။ ပေါ်လို(မာလ်ဒီနီ)က အလိုရှိ တယ်ဆိုရင်တော့ ဆက်နေဖြစ်မှာပါ"ဟု ပြောကြားခဲ့သည်။
အီဘရာဟီမိုဗစ်သည် အေစီမီလန်အသင်းအတွက် ယခုရာသီ စီးရီးအေ (၁၄)ပွဲတွင် (၁၄)ဂိုးသွင်းယူပေးထားသူဖြစ်သည်။















