CIES ၏ အလားအလာအရှိဆုံးကစားသမားစာရင်းတွင် ဆန်ချို ဦးဆောင်

CIES ၏ အလားအလာအရှိဆုံးကစားသမားစာရင်းတွင် ဆန်ချို ဦးဆောင်
Published 9 March 2021

ဘောလုံးသုတေသနအဖွဲ့(CIES)မှ ထုတ်ပြန်လိုက်သော အလားအလာအရှိဆုံးကစားသမားစာရင်းတွင် ၂၀၀၀ ခုနှစ်ဖွား ကစားသမားများထဲ၌ ဒေါ့မွန်အသင်းမှ အင်္ဂလန်တောင်ပံကစားသမား ဆန်ချို ဦးဆောင်ခဲ့ကြောင်း သိရသည်။

CIES သည် မွေးဖွားသည့်ခုနှစ်အလိုက် အလားအလာအရှိဆုံးကစားသမား (၁၀)ဦးစီ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ၂၀၀၀ ခုနှစ် ၊ ၂၀၀၁ ခုနှစ်၊ ၂၀၀၂ ခုနှစ်၊ ၂၀၀၃ ခုနှစ်နှင့် နောက်ပိုင်းဟူ၍ အုပ်စု(၄)ခုခွဲခြားကာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ 

၂၀၀၀ ခုနှစ်မွေးဖွားသည့် ကစားသမားအများစုမှာ လက်ရှိအချိန်၌ သက်ဆိုင်ရာကလပ်အသင်းများတွင် အမာခံကစားသမားအဖြစ် ခြေစွမ်းပြနေကြပြီဖြစ်ပြီး အလားအလာအရှိဆုံး(၁၀)ဦးစာရင်း၌ ဘွန်ဒစ်လီဂါ ကစားသမား(၃)ဦးဖြစ်သော ဆန်ချို၊ အယ်လ် ဖွန်ဆိုဒေးဗီးစ်နှင့် ဟော်လန်းတို့ ဦးဆောင်ခဲ့သည်။ 

၂၀၀၁ ခုနှစ်မွေးဖွားသူများထဲတွင် အာဆင်နယ်မှ ဆာကာ၊ ၂၀၀၂ ခုနှစ်မွေးဖွားသူများထဲတွင် ဘာစီလိုနာမှ ပတ်ဒရီ၊ ၂၀၀၃ ခုနှစ်နှင့် နောက်ပိုင်း မွေးဖွားသူများထဲတွင် လေဗာကူဆင်မှ ဖလော်ရီယန်ဗက်ဇ်တို့ ဦးဆောင်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent