ပရီးမီးယားလိဂ်ပွဲစဉ် (၂၇) ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ် (၂၇) ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 5 March 2021

ဘန်လေ - အာဆင်နယ် (မြန်မာစံတော်ချိန် မတ်လ ၆ ရက် ည ၇:၀၀ နာရီ)

အာဆင်နယ်ကစားတာ သိသိသာသာကောင်းမွန်လာပါတယ်။ မန်စီးတီးနဲ့ပွဲမှာ ရှုံးခဲ့ပေမဲ့ ကစားပုံ ကောင်းသလို၊ နိုင်သင့်တဲ့ပွဲတွေကိုလည်း နိုင်ပွဲတွေယူလာနိုင်ခဲ့တယ်။ လက်ရှိအနေအထားအရ လိဒ်စ်နဲ့ လက်စတာတို့ကို အနိုင်ကစားခဲ့တဲ့ ခြေစွမ်းကတော့ အားရစရာဖြစ်ပြီး၊ ခြေကျ၊ စိတ်ဓာတ်ပျက်နေတဲ့ ဘန်လေကို အနိုင်ယူဖို့လည်း မခက်လောက်ပါ ဘူး။ အာဆင်နယ်ကိုပဲ ကြိုက်တယ်။ 

 

ရှက်ဖီးယူနိုက်တက် - ဆောက်သမ်တန် (မြန်မာစံတော်ချိန် မတ်လ ၆ ရက် ည ၉:၃၀ နာရီ)

နှစ်သင်းစလုံးရဲ့ ခြေစွမ်းက တော်တော်လေးဆိုးရွားနေတယ်။ စိတ်ဓာတ်ပိုင်းလည်း ကျဆင်းနေတယ်။ ရှက်ဖီးယူနိုက်တက်က ခြေနည်းနည်းတက်မလိုနဲ့ ပြန်ကျတာဖြစ်ပြီး ထိန်းနိုင်ဦးမယ်မထင်ဘူး။ ဆောက်သမ်တန်ကလည်း ရလဒ်ဆိုးတွေကနေ ရုန်းထွက်ဖို့ ကြိုးစားရင်း ကျဆင်းနေတာတွေ့ရတယ်။ လက်ရှိ အနေအထားအရ နှစ်သင်းစလုံး အားမရပေမဲ့ ဆောက်သမ်တန်ရဲ့ခြေစွမ်းကို ပိုကြိုက်တယ်။ 

 

အက်စတွန်ဗီလာ - ဝုလ်ဗ် (မြန်မာစံတော်ချိန် မတ်လ ၆ ရက် ည ၁၂:၀၀ နာရီ)

အက်စတွန်ဗီလာနဲ့ ဝုလ်ဗ်က မာကျောပြီး ခြေစွမ်းတည်ငြိမ်ပါတယ်။ ဝုလ်ဗ်က နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ မန်စီးတီးကို ဂိုးပြတ်ရှုံးခဲ့ပေမဲ့ လက်ရှိအချိန်မှာ မန်စီးတီးက ဖယ်ပြီး စဉ်းစားရမယ့် အသင်းမျိုးဖြစ်နေတယ်။ ကျန်ပွဲတွေမှာ ဝုလ်ဗ် ကစားတာကောင်းပါတယ်။ ဗီလာကလည်း လိဒ်စ်အသင်းကို အနိုင်ရတဲ့ပွဲမှာ ကစားခဲ့တာ တော်တော်ကောင်းပါတယ်။ ဒီပွဲက သရေကျဖို့ များတယ်။ 

 

ဘရိုက်တန် - လက်စတာ (မြန်မာစံတော်ချိန် မတ်လ ၇ ရက် နံနက် ၂:၃၀ နာရီ)

ဘရိုက်တန်က နောက်ဆုံးကစားခဲ့တဲ့ပွဲတွေမှာ ရလဒ်ပိုင်းကျဆင်းလာခဲ့တယ်။ သရေပွဲတွေ၊ ရှုံးပွဲတွေများလာပြီး၊ Rhythm ပျက်နေတယ်လို့လည်း ပြောနိုင်တယ်။ လက်စတာ ကတော့ အာဆင်နယ်ကို ရှုံးခဲ့တဲ့ပွဲမှာ အားရစရာမရှိဘူး။ ဟာဗေးဘန်းစ် ဒဏ်ရာရခဲ့တာကလည်း အသင်းရဲ့ ဂိုးသွင်း Form ကို နည်းနည်းထိခိုက်တယ်။ ဒါပေမဲ့ အစားထိုးစရာ ကစားသမားတွေရှိပြီး၊ ရလဒ်ကောင်း ပြန်ရှာနိုင်မယ်လို့ ထင်ပါတယ်။ 

Most Read

Most Recent