FIFA 21တွင် မိမိ၏ စွမ်းဆောင်ရည်အချက်အလက်များကို အဆင့်မမြှင့်ခြင်းအတွက် EA Sports ကို ဂျိုတာ ပြစ်တင်ဝေဖန်

FIFA 21တွင် မိမိ၏ စွမ်းဆောင်ရည်အချက်အလက်များကို အဆင့်မမြှင့်ခြင်းအတွက် EA Sports ကို ဂျိုတာ ပြစ်တင်ဝေဖန်
Photos : sportbible, givemesport, earlygame
Photos : sportbible, givemesport, earlygame
Published 12 November 2020

လီဗာပူးလ်အသင်း၏ ပေါ်တူဂီတောင်ပံတိုက်စစ်ကစားသမား ဂျိုတာသည် FIFA 21 ဘောလုံးဂိမ်းစ်တွင် ၎င်း၏ စွမ်းဆောင်ရည်အချက်အလက်များကို အဆင့်မမြှင့်ခြင်းအတွက် ယင်းဂိမ်းစ်အား ထုတ်လုပ်သည့် EA Sports ကို ပြစ်တင်ဝေဖန်ခဲ့သည်။

ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် နိုင်ငံတကာပွဲ (၇)ပွဲကစား ခွင့်ရရှိထားသူ ဂျိုတာ(၂၃နှစ်)သည် ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ကာလက ဝုလ်ဗ်အသင်းမှ လီဗာပူးလ်အသင်းသို့ ပေါင်(၄၁)သန်းဖြင့် ရောက်ရှိလာသူဖြစ်ပြီး အသင်းတွင် ခြေစွမ်း ပြ ဂိုးများသွင်းယူနေသူဖြစ်သည်။ 

ဂျိုတာသည် ပြီးခဲ့သည့်ရာသီကလည်း ဝုလ်ဗ်အသင်းတွင် ခြေစွမ်းပြကစားခဲ့ပြီး ယူရိုပါလိဂ်ပြိုင်ပွဲတွင် ခြေစစ်ပွဲများအပါအဝင်(၉)ဂိုးသွင်းယူကာ အသင်းကို ကွာတားဖိုင်နယ်သို့ ရောက်ရှိ အောင် ကူညီစွမ်းဆောင်ပေးခဲ့သည်။

ယခုရာသီ လီဗာပူးလ်အသင်းတွင် ပြိုင်ပွဲစုံ(၁၁)ပွဲကစားပြီး (၇)ဂိုးသွင်းယူထားသည့် ဂျိုတာက ''သူတို့ (EA Sports) ကျွန်တော့်ကို ဝုလ်ဗ်မှာပဲရှိနေသေးတယ်လို့ ထင်ပုံရတယ်။ ပြီးခဲ့တဲ့ရာသီ ယူရိုပါလိဂ်ရဲ့အကောင်းဆုံးဂိုးသွင်းသူတွေထဲမှာ တစ်ယောက် အပါအဝင်ဖြစ်ခဲ့ပြီး အကောင်းဆုံးစွမ်းဆောင်ခဲ့ပေမဲ့ ကျွန်တော့်ရဲ့အချက်အလက်တွေက အရင်အတိုင်းပါပဲ''ဟု ပြောကြားခဲ့သည်။    

Most Read

Most Recent