ရတနာပုံအသင်း၏ မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်သူကိုခေါ်ယူရန် ထိုင်းကလပ် ဘူရီရမ်အသင်း ကမ်းလှမ်းထား

ရတနာပုံအသင်း၏ မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်သူကိုခေါ်ယူရန် ထိုင်းကလပ် ဘူရီရမ်အသင်း ကမ်းလှမ်းထား
Photos: MTUTD,Police Tero
Photos: MTUTD,Police Tero
Published 11 November 2020

ထိုင်းလိဂ်-၁ ကလပ် ဘူရီရမ်အသင်းသည် MNL ကလပ် ရတနာပုံအသင်း၏ မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်သူကိုခေါ်ယူရန် ကမ်းလှမ်းမှုများ ပြုလုပ်ထားကြောင်း သိရသည်။

ဘူရီရမ်အသင်းသည် အောင်သူကိုခေါ်ယူရန် ရတနာပုံအသင်းထံ တရားဝင်ကမ်းလှမ်းထားပြီး ဆွေးနွေးမှုများပြုလုပ်လျက်ရှိသည်။ ''အောင်သူကို ခေါ်ယူဖို့ ဘူရီရမ်အသင်းက ကမ်းလှမ်းထားတယ်ဆိုတာ ဟုတ်ပါတယ်။ အသင်းတာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်''ဟု ရတနာပုံအသင်း မန်နေဂျာဦးအတာဦးက ပြောကြားခဲ့သည်။ အောင်သူကိုအပြီးသတ်ခေါ်ယူရန် ဘူရီရမ်အသင်းက ကမ်းလှမ်းထားကြောင်းနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုရထားပြီဖြစ်ကြောင်း အောင်သူ၏အစ်ကိုဖြစ်သူ ကိုပြည့်ဖြိုးအောင်က Eleven Sports သို့ အတည်ပြုပြောကြားခဲ့သည်။

အောင်သူသည် ဘူရီရမ်အသင်းသို့ ပြောင်းရွှေ့ဖြစ်ပါက ယခုနှစ်ကုန်ပိုင်းတွင် ပြောင်းရွှေ့မည်ဖြစ်ပြီး ၂၀၂၀-၂၀၂၁ ရာသီ ထိုင်းလိဂ်-၁ ပြိုင်ပွဲ ပထမအကျော့မှာ နှစ်ကုန်ပိုင်းတွင်ပြီးဆုံးမည်ဖြစ်သောကြောင့် ရာသီဝက်အပြောင်းအရွှေ့ကာလတွင် ခေါ်ယူနိုင်ရန် စီစဉ်နေခြင်းဖြစ်သည်။

အောင်သူသည် ထိုင်းကလပ်အသင်းများဖြစ်သည့် Police Tero အသင်းတွင် ၂၀၁၈ ခုနှစ်၊ မြောင်တောင်အသင်းတွင် ၂၀၁၉ ခုနှစ်တို့၌ ပါဝင်ကစားခဲ့ပြီး ၂၀၂၀ နှစ်ဆန်းပိုင်းတွင် အသင်းပြောင်းရွှေ့မှုအဆင်မပြေသောကြောင့် မိခင်ကလပ်ဖြစ်သည့် ရတနာပုံအသင်းတွင် ပြန်လည်ကစားခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent