၂၀၂၀ ပြည့်နှစ် ကမ္ဘာလုံးဆိုင်ရာ ငတ်မွတ်ခေါင်းပါးမှုအညွှန်းကိန်းတွင် နိုင်ငံ ပေါင်း ၁၀၇ နိုင်ငံအနက် မြန်မာနိုင်ငံ အဆင့် ၇၈ ရရှိပြီး သုံး နှစ်ဆက်တိုက် နိုင်ငံအလိုက် အဆင့် ကျဆင်းလာကြောင်း ၂၀၂၀ ပြည့်နှစ် အောက်တိုဘာတွင် ထုတ်ပြန်သည့် Global Hunger Index 2020 အရ သိရသည်။
လက်ရှိအစိုးရလက်ထက် မြန်မာနိုင်ငံ ၏ နှစ်အလိုက် ငတ်မွတ်ခေါင်းပါးမှုအညွှန်း ကိန်းနှင့် အဆင့်များမှာ ၂၀၁၆ ခုနှစ်တွင် အ ဆင့် ၇၅ (ညွှန်းကိန်း ၂၂)၊ ၂၀၁၇ ခုနှစ်တွင် အဆင့် ၇၇ (ညွှန်းကိန်း၂၂ ဒသမ ၆)၊ ၂၀၁၈ ခုနှစ်တွင် အဆင့် ၆၈ (ညွှန်းကိန်း ၂၀ ဒသမ ၁)၊ ၂၀၁၉ ခုနှစ်တွင် အဆင့် ၆၉ (ညွှန်းကိန်း ၁၉ ဒသမ ၈) ၂၀၂၀ ပြည့်နှစ်တွင် အဆင့် ၇၈ (ညွှန်းကိန်း ၂၀ ဒသမ ၉) တို့ဖြစ်သည်။
Global Hunger Index အရ ညွှန်း ကိန်းဂဏန်းများလေ ငတ်မွတ်ခေါင်းပါးမှု ဆိုးရွားလေဖြစ်ပြီး ယခင်စစ်အစိုးရလက်ထက် ၁၉၉၂ ခုနှစ်တွင် ညွှန်းကိန်း ၅၅ ဒသမ ၈ အထိရှိခဲ့ကာ ငတ်မွတ်ခေါင်းပါးမှုအဆိုး ရွားဆုံး ၁၀ နိုင်ငံစာရင်းဝင်ခဲ့သည်။ ထို့ နောက် ၂၀၀၀ ပြည့်နှစ်တွင် ညွှန်းကိန်း ၄၅ ဒသမ ၃၊ ၂၀၀၆ ခုနှစ်တွင် ညွှန်ကိန်း ၃၁ ဒသမ ၈ အထိ နိမ့်ဆင်းကာ ငတ်မွတ်ခေါင်း ပါးမှုပမာဏလျော့ကျလာခဲ့သည်။ ဦးသိန်း စိန်ခေါင်းဆောင်သော ယခင်အစိုးရက လက်ထက် ၂၀၁၁ ခုနှစ်တွင် ငတ်မွတ်ခေါင်း ပါးမှုအညွှန်းကိန်းနှင့် အဆင့် ၄၁ (ညွှန်းကိန်း ၁၆ ဒသမ ၃) အထိ မြင့်တက်ခဲ့သော်လည်း ၂၀၁၅ ခုနှစ်တွင် အဆင့် ၆၅ (ညွှန်းကိန်း ၂၃ ဒသမ ၅) အထိ ပြန်လည်ကျဆင်းခဲ့သည်။
မြန်မာနိုင်ငံ၏ အဆင့် ၇၈ နေရာသည် အငတ်ဘေးအန္တရာယ်ဇုန်တွင် ဆက်ရှိနေ ခြင်းဖြစ်ပြီး အိမ်နီးချင်းနိုင်ငံများဖြစ်သော အိန္ဒိယက အဆင့် ၉၄၊ ဘင်္ဂလားဒေ့ရှ်က အ ဆင့် ၇၅ ရရှိထားသည်။ အာဆီယံနိုင်ငံများ ဖြစ်သော ထိုင်းက အဆင့် ၄၈၊ မလေးရှားက အဆင့် ၅၉၊ ဗီယက်နမ်က အဆင့် ၆၁၊ ဖိလစ် ပိုင်က အဆင့် ၆၉၊ အင်ဒိုနီးရှားက အဆင့် ၇၀၊ ကမ္ဘောဒီးယားက အဆင့် ၇၆ ဖြင့် မြန် မာနိုင်ငံအထက်တွင် ရပ်တည်နေကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ငတ်မွတ်ခေါင်းပါးမှုအ ခြေအနေသည် နှစ် ၂၀ ကျော်အတွင်း တ ဖြည်းဖြည်းလျော့နည်းလာသော်လည်း ဆင်း ရဲမွဲတေမှုနှင့် ငတ်မွတ်ခေါင်းပါးမှုအန္တရာယ် မှ လွတ်မြောက်နိုင်ရန်အတွက် ကောင်းမွန် သည့် မူဝါဒများစွာ ချမှတ်ရန် လိုအပ်နေ သည်။
လွန်ခဲ့သော ၁၀ စုနှစ်နှစ်ခုအတွင်း အာဟာရချို့တဲ့သော လူဦးရေသည် စီးပွား ရေးတိုးတက်မှုနှင့် စိုက်ပျိုးထုတ်လုပ်မှုတိုး တက်လာခြင်းကြောင့် ထက်ဝက်နီးပါးကျ ဆင်းခဲ့သော်လည်း အစာခေါင်းပါးခြင်းနှင့် ငတ်မွတ်ခေါင်းပါးမှုကို ဆက်လက်ရင်ဆိုင် နေရသူများစွာလည်း ကျန်ရှိနေသည်။
ငတ်မွတ်ခေါင်းပါးမှုနှင့် အာဟာရချို့ တဲ့မှုတို့သည် မြန်မာနိုင်ငံ၏ဖွံ့ဖြိုးတိုးတက် မှုအတွက် ကြီးမားသောအတားအဆီးတစ် ရပ်အဖြစ် ရှိနေဆဲဖြစ်သည်။ ယခုနှစ်များအ တွင်းဖြစ်ပေါ်သော သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်း၊ ရေကြီးခြင်း၊ မိုးခေါင်ခြင်း၊ ဇီဝ မျိုးကွဲများဆုံးရှုံးခြင်း၊ ကပ်ရောဂါများဖြစ်ပွား ခြင်း စသည်တို့၏အကျိုးဆက်နှင့် အကျိုး သက်ရောက်မှုများကြောင့် လူအများ၏ ငတ် မွတ်ခေါင်းပါးမှု၊ ဆင်းရဲမွဲတေမှု၊ အာဟာရ ချို့တဲ့မှုတို့ကို ပိုမိုဆိုးရွားစေနိုင်သည်။
ကမ္ဘာတစ်ဝန်းတွင် လူသန်းပေါင်းများ စွာ နာတာရှည်အာဟာရချို့တဲ့မှုဒဏ်ကို ခံ စားနေရပြီး ငါးနှစ်အောက်ကလေးသူငယ် သန်း ၁၀၀ ဝန်းကျင်သည် ငတ်မွတ်ခေါင်းပါး မှုဒဏ်ကြောင့် အသက်အန္တရာယ်စိုးရိမ်နေရ သည်။ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံ အများအပြားတွင် ငတ်မွတ်ခေါင်းပါးမှုနှင့် အာဟာရချို့တဲ့မှုအားလုံးကို ရပ်တန့်စေပြီး လူသားအားလုံး အထူးသဖြင့် ကလေးသူ ငယ်များအတွက် အာဟာရပြည့်ဝသော အစားအစာများ တစ်နှစ်ပတ်လုံးလုံလောက် စေရေးအတွက် ဖြည့်ဆည်းပေးနိုင်ရန် စိန် ခေါ်မှုများစွာရှိနေဆဲဖြစ်သည်။
နိုင်ငံတစ်နိုင်ငံ၏ ဆင်းရဲမွဲတေမှု၊ ငတ် မွတ်ခေါင်းပါးမှု၊ အာဟာရချို့တဲ့မှုဘေးဒဏ် မှ လွန်မြောက်ရန်အတွက် နိုင်ငံအတွင်း အ ခြေခံအဆောက်အဦနှင့် နည်းပညာများတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်မှုမှအစပြု၍ စိုက် ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် တောင်သူများ ကို မြှင့်တင်ခြင်း၊ အငယ်စား၊ အသေးစား၊ အ လတ်စားလုပ်ငန်းများကို ထောက်ပ့ံခြင်း၊ မြေ ယာများပိုင်ဆိုင်စေရန် စီမံခန့်ခွဲပေးခြင်း၊ နည်းပညာနှင့် စျေးကွက်ကို လက်လှမ်းမီစေ ရန်လုပ်ဆောင်ပေးခြင်း စသည်တို့ကိုဆောင် ရွက်ရန်လိုအပ်ကြောင်း ကမ္ဘာ့ကုလသမဂ္ဂက တိုက်တွန်းထားသည်။









