ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
Published 17 September 2020

သတ်မှတ်ချက်များအရ ကလပ်အသင်းများအနေဖြင့် ပြီးခဲ့သည့်ရာသီတွင် ဘောလုံးယန္တရား ကမောက်ကမ ဖြစ်ခဲ့ခြင်းအတွက် တစ်သင်းလျှင် ဝင်ငွေစုစုပေါင်းထဲမှ (၁၀.၇%)ပြန်လည်ပေးဆောင်ရမည်ဖြစ်ပြီး ချန်ပီယံ လီဗာပူးလ်အသင်းမှာ ရုပ်သံဝင်ငွေအများဆုံးရရှိသည့်အလျောက် ပြန်ပေးငွေတွင်လည်း ပမာဏအများဆုံးဖြစ်သည်။ 

ပြီးခဲ့သည့် ၂၀၁၉-၂၀ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ပြိုင်ပွဲဝင်အသင်း (၂၀)အနေဖြင့် ရာသီကုန်တွင် ၎င်းတို့ရရှိသော ရုပ်သံဝင်ငွေများထဲမှ (၁၀.၇%)ကို ပြန်လည်ပေးဆောင်ရမည်ဖြစ်ကြောင်း သိရှိရသည်။

ပြီးခဲ့သည့်ရာသီက ကိုရိုနာဗိုင်းရပ်စ်ရောဂါပြန့်ပွားမှု ပြဿနာကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲကို (၃)လခန့် ရပ်နားခဲ့ရပြီး  ပုံမှန်သတ်မှတ်ရက်အတိုင်း အဆုံးမသတ်နိုင်ခဲ့ပေ။ 

သို့ဖြစ်ရာ စည်းမျဉ်းသတ်မှတ်ချက်များအတိုင်း ပြိုင်ပွဲဝင်အသင်းများက ရုပ်သံကုမ္ပဏီများထံသို့ နစ်နာကြေး ပြန်ပေးရခြင်း ဖြစ်သည်။

ယခုရာသီအတွက် ပရီးမီးယားလိဂ်ဥပဒေစာအုပ်ထွက်ပေါ်လာရာတွင် ယင်းကဲ့သို့ဖြစ်ရပ်များအတွက် နစ်နာကြေးမည်ရွေ့မည်မျှပေးရမည်ဆိုသည့် သတ်မှတ်ချက်များလည်း ပါဝင်လာခဲ့သည်။ 

ယင်းသတ်မှတ်ချက်များအရ ကလပ်အသင်းများအနေဖြင့် ပြီးခဲ့သည့်ရာသီတွင် ဘောလုံးယန္တရား ကမောက်ကမ ဖြစ်ခဲ့ခြင်းအတွက် တစ်သင်းလျှင် ဝင်ငွေစုစုပေါင်းထဲမှ (၁၀.၇%)ပြန်လည်ပေးဆောင်ရမည်ဖြစ်ပြီး ချန်ပီယံ လီဗာပူးလ်အသင်းမှာ ရုပ်သံဝင်ငွေအများဆုံးရရှိသည့်အလျောက် ပြန်ပေးငွေတွင်လည်း ပမာဏအများဆုံးဖြစ်သည်။ 

လီဗာပူးလ်အသင်းသည် ၎င်းတို့ရရှိသည့်ဝင်ငွေ ပေါင်(၁၆၁.၁)သန်းမှ ပေါင် (၁၇.၃)သန်း ပြန်ပေးရမည်ဖြစ်ကြောင်း သိရှိရသည်။

Most Read

Most Recent