ဆွန်ဟောင်မင်ကို DVD ဟု လှောင်ပြောင်ခဲ့သည့် ဘောလုံးဝေဖန်သူ ကယ်လီဂါရီကို Arsenal Fan TV ထုတ်ပယ်ခဲ့ပြီး ပြန်လည်တောင်းပန်

ဆွန်ဟောင်မင်ကို DVD ဟု လှောင်ပြောင်ခဲ့သည့် ဘောလုံးဝေဖန်သူ ကယ်လီဂါရီကို Arsenal Fan TV ထုတ်ပယ်ခဲ့ပြီး ပြန်လည်တောင်းပန်
Photo: AFTV
Photo: AFTV
Published 16 July 2020

အာဆင်နယ်ပရိသတ်များအတွက်တင်ဆက်နေသည့် ရုပ်သံလိုင်းတစ်ခုဖြစ်သော Arsenal Fan TV သည် စပါးကစားသမား ဆွန်ဟောင်မင်အား DVD ဟု လှောင်ပြောင်ခေါ်ဝေါ်ခဲ့သည့် ရုပ်သံဘောလုံးဝေဖန်သူ ကယ်လီဂါရီကို ၎င်းပါဝင်တင်ဆက်နေသည့်အစီအစဉ်များမှ ထုတ်ပယ်ခဲ့ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။

YouTube  တွင် ထုတ်လွှင့်နေသည့် ယင်းရုပ်သံလိုင်းအား ၂၀၁၂ ခု နှစ်တွင် စတင်တည်ထောင်ခဲ့သည့် အစီအစဉ်တင်ဆက်သူ ရော်ဘီလိုင်းကလည်း ယင်းအကြောင်းအရာအတွက် ပြန်တောင်းပန်ခဲ့သည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့က ကစားခဲ့သော လန်ဒန်ဒါဘီပွဲစဉ် စပါး (၂ -၁)အာဆင်နယ်ပွဲတွင် ပွဲချိန် (၉၀+၄)မိနစ်၌ ဆွန်ဟောင်မင်လူစားလဲခံရရာတွင် Arsenal Fan TV ၌ ဝေဖန်သုံးသပ်သူ ကယ်လီဂါရီက''DVD  ထွက်တော့မယ်''ဟု ပြောခဲ့ခြင်းဖြစ်သည်။ 

အင်္ဂလန်တွင် အာရှသားများကို ''DVD ရောင်းသည်''ဟု ပြောခြင်း မှာ လူမျိုးရေးခွဲခြားသည့် အသုံးအနှုန်းတစ်ခုအဖြစ်သတ်မှတ်ကြရာ ယင်းပြောဆိုမှုအပေါ် ဝေဖန်မှုများထွက်ပေါ်လာခဲ့သည်။

ပြီးခဲ့သည့်နှစ်က စပါး-ဝက်စ်ဟမ်း လိဂ်ဖလားပွဲတွင် ဆွန်ဟောင်မင်ကို DVD ဟု လှောင်ပြောင်အော်ဟစ်ခဲ့သည့် ဝက်စ်ဟမ်းပရိသတ်တစ်ဦးသည် လူမျိုးရေးခွဲခြားသည့်စွဲချက်ဖြင့်တရားစွဲခံခဲ့ရပြီး ဒဏ်ငွေ(၁၈၄)ပေါင်နှင့် တရားစရိတ် ပေါင် (၁၁၀) ပေးဆောင်ခဲ့ရသည်။

Most Read

Most Recent