ဆန်းချက်ဇ်၊ စမောလင်း၊ လင်ဂတ်အပါအဝင် ကစားသမား(၆)ဦးအတွက် ကမ်းလှမ်းမှုများကို မန်ယူလက်ခံစဉ်းစားမည်

ဆန်းချက်ဇ်၊ စမောလင်း၊ လင်ဂတ်အပါအဝင် ကစားသမား(၆)ဦးအတွက် ကမ်းလှမ်းမှုများကို မန်ယူလက်ခံစဉ်းစားမည်
Published 16 July 2020

မန်ယူအသင်းရောင်းချရန် စီစဉ်နေသော ကစားသမားများမှာ အင်တာမီလန်အသင်းသို့ အငှားချထားသော ချီလီတောင်ပံတိုက်စစ်ကစားသမား ဆန်းချက်ဇ်၊ ရိုးမားအသင်းသို့ အငှားချထားသော အင်္ဂလန်နောက်ခံလူ စမောလင်း၊ အက်စ်တူဒီယန်တေအသင်းသို့အငှားချထားသော အာဂျင်တီးနားနောက်ခံလူ ရိုဟို၊ အင်္ဂလန်ကွင်းလယ်လူ လင်ဂတ်၊ အင်္ဂလန်နောက်ခံလူ ဖီးလ်ဂျုံးစ်နှင့် ပေါ်တူဂီနောက်ခံလူ ဒါလော့တို့ဖြစ်ကြောင်း သိရသည်။

မန်ယူအသင်းသည် လာမည့်နွေရာသီအပြောင်းအရွှေ့ကာလ၌ အသင်းမှ ကစားသမား(၆)ဦးကို ရောင်းချရန် စီစဉ်နေပြီး ၎င်းတို့အတွက် ကမ်းလှမ်းမှုများကို လက်ခံစဉ်းစားသွားမည်ဖြစ်ကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။

မန်ယူအသင်းရောင်းချရန် စီစဉ်နေသော ကစားသမားများမှာ အင်တာမီလန်အသင်းသို့ အငှားချထားသော ချီလီတောင်ပံတိုက်စစ်ကစားသမား ဆန်းချက်ဇ်၊ ရိုးမားအသင်းသို့ အငှားချထားသော အင်္ဂလန်နောက်ခံလူ စမောလင်း၊ အက်စ်တူဒီယန်တေအသင်းသို့အငှားချထားသော အာဂျင်တီးနားနောက်ခံလူ ရိုဟို၊ အင်္ဂလန်ကွင်းလယ်လူ လင်ဂတ်၊ အင်္ဂလန်နောက်ခံလူ ဖီးလ်ဂျုံးစ်နှင့် ပေါ်တူဂီနောက်ခံလူ ဒါလော့တို့ဖြစ်ကြောင်း သိရသည်။

၎င်းကစားသမားများအတွက် သင့်တော်သည့် ပြောင်းရွှေ့ကြေးဖြင့် ကမ်းလှမ်းလာပါက မန်ယူအသင်းတာဝန်ရှိသူများသည် ရောင်းချလိမ့်မည်ဖြစ်ကြောင်း Daily Mail က ဖော်ပြခဲ့သည်။ 

မန်ယူအသင်းသည် ဂျာမန်ကလပ် ဒေါ့မွန်အသင်းမှ အင်္ဂလန်တောင်ပံကစားသမား ဆန်ချိုကို ခေါ်ယူရန် ပစ်မှတ်ထားနေရာ ၎င်းတို့အား ရောင်းချရာမှ ရရှိမည့်ငွေကြေးကို ဆန်ချိုအား ဝယ်ယူရာတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။ 

မန်ယူအသင်းနည်းပြ ဆိုးလ်ရှားသည် နောက်ခံဗဟိုကစားသမားတစ်ဦးနှင့် တိုက်စစ်မှူးတစ်ဦး အားဖြည့်ရန်လည်း ဆန္ဒရှိနေကြောင်း သိရသည်။

Most Read

Most Recent