နိုင်ငံတကာမှ အားကစားနှင့်ပတ်သက်သူများ စုရုံးရောက်ရှိနေမည့် ဂျပန်အိုလံပစ်ပြိုင်ပွဲနှင့်တိုက်၍  ဂျပန်နိုင်ငံတွင် WLC မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကျင်းပနိုင်ရန် မြန်မာလက်ခမောင်း ကြိုးပမ်းနေ

နိုင်ငံတကာမှ အားကစားနှင့်ပတ်သက်သူများ စုရုံးရောက်ရှိနေမည့် ဂျပန်အိုလံပစ်ပြိုင်ပွဲနှင့်တိုက်၍  ဂျပန်နိုင်ငံတွင် WLC မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကျင်းပနိုင်ရန် မြန်မာလက်ခမောင်း ကြိုးပမ်းနေ
Published 14 July 2020

နိုင်ငံတကာမှ အားကစားနှင့်ပတ်သက် သည့် ဝါသနာရှင်များ၊ အတတ်ပညာရှင်များ စုရုံးရောက်ရှိနေမည့် ဂျပန်အိုလံပစ်ပြိုင်ပွဲနှင့်  တိုက်၍ဂျပန်နိုင်ငံတွင် WLC မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲ ကျင်းပနိုင်ရန် ကြိုးပမ်းလျက် ရှိကြောင်း မြန်မာလက်ခမောင်းကုမ္ပဏီဥက္ကဋ္ဌ ဦးဇေသီဟက ပြောကြားသည်။

၂၀၂၁ ခုနှစ်တွင် ဂျပန်နိုင်ငံက အိမ်ရှင် အဖြစ် လက်ခံကျင်းပမည့် နွေရာသီအိုလံပစ် ပြိုင်ပွဲကာလ၌ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ များကို ကမ္ဘာက ပိုသိလာစေရန် ရည်ရွယ်ကာ အဆိုပါကာလနှင့်တိုက်၍ ကျင်းပသွားရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း သိရသည်။ တို ကျိုအိုလံပစ်ပြိုင်ပွဲကို ၂၀၂၁ ခုနှစ် ဇူလိုင်တွင် ကျင်းပသွားမည်ဖြစ်ပြီး နိုင်ငံပေါင်း (၂၀၀) ကျော်မှ အားကစားသမားများ၊ အားကစား နယ်ပယ်မှပညာရှင်များစွာ တက်ရောက်မည် ဖြစ်သည်။ ''လာမယ့်နှစ်တွေမှာ WLC အနေ နဲ့ လက်ဝှေ့ကို ဒီထက်ပိုပြီး ထိရောက်တဲ့နည်း လမ်းတွေနဲ့ ကမ္ဘာကိုထိုးဖောက်သွားဖို့ ဆက် ကြိုးစားသွားမှာဖြစ်ပါတယ်။ ကမ္ဘောဒီးယား၊ ထိုင်း၊ ဂျပန်နဲ့ အမေရိကတို့မှာ ကျွန်တော်တို့ ရဲ့လက်ဝှေ့ပြိုင်ပွဲတွေ မိတ်ဆက်သွားဖို့ရှိပါ တယ်။ မြန်မာ့လက်ဝှေ့ပြိုင်ပွဲတွေကို ကမ္ဘာ ကြီးက ပိုသိအောင် မိတ်ဆက်ပေးသွားရမှာ ဖြစ်တဲ့အတွက်လည်း စိတ်လှုပ်ရှားမိနေပါ ပြီ။ ဒါ့အပြင် အားကစားဝါသနာရှင်များ စုံ လင်စွာရောက်ရှိနေမယ့် ဂျပန်အိုလံပစ်ပြိုင်ပွဲ နဲ့တိုက်ဆိုင်ပြီး WLC ပြိုင်ပွဲတွေကို နိုင်ငံ တကာကလူတွေ ပိုပြီးအာရုံစိုက်လာမှာပါ။ မြန်မာ့ရိုးရာလက်ဝှေ့ကို နိုင်ငံတကာက ပိုပြီး အာရုံစိုက်လာ၊ ပိုပြီးစိတ်ဝင်စားလာဖို့အတွက် ကြိုးပမ်းသွားမှာပါ'' ဟု မြန်မာလက်ခမောင်း ကုမ္ပဏီဥက္ကဋ္ဌ ဦးဇေသီဟက ပြောကြားသည်။

မြန်မာလက်ခမောင်းအနေဖြင့် အဆိုပါ WLC ပြိုင်ပွဲကို တိုကျိုအိုလံပစ်ပြိုင်ပွဲမစတင် မီ ရက်သတ္တပတ်အလိုတွင် ကျင်းပရန် ကြိုး ပမ်းနေခြင်းဖြစ်ပြီး ဂျပန်နိုင်ငံရှိ နာမည်ကြီး ဖိုက်တာများ၏ ပွဲစဉ်များကိုလည်း ထည့်သွင်း ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။ ဂျပန်နိုင်ငံမှာ WLC ပြိုင်ပွဲများ ကျင်းပရန် ရည်ရွယ်ထားသည့် ပြည်ပနိုင်ငံ လေးနိုင်ငံ အနက် တစ်ခုအပါအဝင်ဖြစ်ပြီး ပြည်ပပြိုင်ပွဲ များကို ၂၀၂၀ နှင့် ၂၀၂၁ ခုနှစ်အတွင်း ကျင်းပ နိုင်ရန်အတွက် မြန်မာလက်ခမောင်းကုမ္ပဏီ က ပြင်ဆင်လျက်ရှိကြောင်း သိရသည်။ ထို့ ပြင် လာမည့်သြဂုတ်လအတွင်း WLC:12 ပြိုင်ပွဲကို ကွင်းပိတ်ကျင်းပရန် စီစဉ်ထားသည်။

Most Read

Most Recent