မန်ယူ ၂-၂ ဆောက်သမ်တန်
ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အမှတ်လုနေရတဲ့ ချယ်လ်ဆီးနဲ့ လက်စတာတို့ ရှုံးပွဲတွေ့ခဲ့တဲ့ပွဲစဉ်မှာ မန်ယူအသင်း အခွင့်အရေးမယူနိုင်ခဲ့တာကြောင့် တတိယနေရာနဲ့လွဲခဲ့ရပြီး အဆင့်(၅)နေရာမှာသာ ဆက်ရှိခဲ့ပါတယ်။ ဆိုးလ်ရှားက အပြောင်းအလဲမရှိတဲ့ ပွဲထွက်လူစာရင်းကိုပဲ (၅)ပွဲဆက်အဖြစ် ထုတ်သုံးပြီး နိုင်ပွဲဆက်ဖို့ ကြိုးစားခဲ့ပါတယ်။

ဒီအတွက် အသင်းလိုက်နားလည်မှုက ပိုမိုအားကောင်းလာခဲ့ပေမယ့် ဘေးထွက်ဆိုးကျိုးအဖြစ် ကစားသမားတချို့ ပွဲပန်းမှုဒဏ်ခံရတဲ့အနေအထားတော့ ရှိလာပါတယ်။ ဆောက်သမ်တန်အသင်းက အမှတ်လိုအပ်မှုမရှိပေမယ့် မန်ယူအသင်းကို အခက်တွေ့အောင် လုပ်ဆောင်လေ့ရှိတဲ့ အစဉ်အလာအတိုင်း ဒီပွဲမှာလည်း အားစိုက်ကစားသွားခဲ့ ပြီး (၁၂)မိနစ်မှာပဲ ဦးဆောင်ဂိုးသွင်းယူခဲ့ပါတယ်။

ဒီဂိုးကတော့ ပေါ့ဘာရဲ့ အမှားကနေ ပေးလိုက်ရတာဖြစ်ပြီး အမ်းစထရောင်းက သွင်းယူခဲ့တာပါ။ မန်ယူအသင်းက ဒီဂိုးမပေးရခင် အခွင့်အရေးကောင်းတစ်ကြိမ် ရရှိခဲ့ပေမယ့် မာစီယဲလ် အသုံးမချနိုင်ခဲ့တာကြောင့်လည်း ဦးဆောင်ခွင့် မရခဲ့တာပါ။ ဒါပေမဲ့ မိနစ်(၂၀)မှာတော့ မာစီယဲလ်ရဲ့ ပေးပို့ မှုကနေ ရပ်ရှ်ဖို့ဒ်က ချေပဂိုး ပြန်သွင်းနိုင်ခဲ့ပါတယ်။ အဲဒီနောက် (၃)မိနစ်အကြာမှာ ဘရူနိုဖာနန်ဒက်စ်ရဲ့ ပေးပို့မှုကနေ မာ စီယဲလ်က ဒုတိယဂိုးသွင်းယူခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ မန်ယူအသင်းက ဒီရလဒ်ကို ထိန်းကစားတဲ့ပုံစံမျိုး ဖြစ်လာခဲ့ပါတယ်။

ဒါကြောင့် ဆောက်သမ်တန်အသင်းက ဖိအားပေးနိုင်ခဲ့ပြီး နာကျင်အချိန်ပို မှာ အိုဘာဖီမီက ထောင့်ကန်ဘောကတစ်ဆင့် ချေပဂိုးပြန်သွင်းသွားခဲ့ပါတယ်။ ဆောက်သမ်တန်ကွင်းလယ်ကစားသမား အမ်းစထရောင်းကတော့ ပရီးမီးယားလိဂ်နောက်ဆုံး (၆)ပွဲမှာ အသင်းအတွက် တိုက်ရိုက်ဂိုးပါဝင်ပတ်သက်မှု (၅)ဂိုး (၂ဂိုးသွင်း+၃ဂိုးဖန်တီး)အထိရှိလာခဲ့ပါတယ်။









