အီတလီစီးရီးအေပွဲစဉ် (၃၂) ပွဲကြိုသုံးသပ်ချက်

အီတလီစီးရီးအေပွဲစဉ် (၃၂) ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 12 July 2020

ဂျီနိုအာ - SPAL (တနင်္ဂနွေည ၉း၄၅ နာရီ)

တန်းဆင်းဇုန်တိုက်ပွဲဆိုပေမယ့် ဂျီနိုအာက စီးရီးအေမှာ ဆက်လက်ရှင်သန်ခွင့်မျှော်လင့်ချက် ပိုအားကောင်းနေတယ်။  အူဒီးနီးစ်နဲ့ပွဲက ခြေစွမ်းအတိုင်းဆိုရင် SPAL ကို ဂျီနိုအာ အနိုင် ရဖို့

မခက်ဘူး။ (၂-၁)ဂိုးလောက် ဖြစ်နိုင်တယ်။ 

ပါးမား - ဘိုလော့ဂ်နာ (တနင်္ဂနွေည ၁၂းဝ၀ နာရီ)

အင်တာမီလန်ကို အနိုင်ရခဲ့တုန်းက ဘိုလော့ဂ်နာရဲ့ ခြေ စွမ်းက ချီးကျူးချင်စရာပါပဲ။ လျင်မြန်တဲ့တန်ပြန်တိုက်စစ်ကစား ပုံကို ပြသနိုင်ခဲ့ပြီး အဆုံးသတ်သေချာတာလည်း မြင်ခဲ့ရတယ်။ ပါးမားက

ဘိုလော့ဂ်နာထက် ရလဒ်တွေပိုယိမ်းယိုင်နေလို့ ဒီပွဲ မှာ ပုံစံကောင်းနဲ့ ပြန်လာချင်နေလိမ့်မယ်။ ပါးမား နိုင်ပွဲရမယ်။

ဖီအိုရင်တီးနား - ဗီရိုနာ (တနင်္ဂနွေည ၁၂းဝ၀ နာရီ)

ဗီရိုနာက ယူရိုပါလိဂ်ဝင်ခွင့် မျှော်လင့်ချက်ရှိနေလို့ အမှတ် လိုအပ်နေတယ်။ ဖီအိုရင်တီးနားကလည်း အမှားထပ်ပြီးကျူး လွန်ရင် တန်းဆင်းဇုန်နဲ့ ပိုပြီးနီးကပ်သွားမယ့်အခြေအနေမျိုး

ဖြစ်နေတယ်။ ကစားသမားစုဖွဲ့မှု သိပ်ပြီးမကွာကြသလို၊ အမှတ် လိုအပ်ချက်လည်း ပြင်းထန်နေလို့ အကြိတ်အနယ်ရှိမယ့်ပွဲပါပဲ။  (၃-၅-၂)ကစားဟန်နဲ့ အသားပိုကျလာတဲ့ ဖီအိုရင်တီးနား အမှတ်

ရပါမယ်။ (၂-၁)လောက်ဖြစ်နိုင်တယ်။

ကာဂလီယာရီ - လက်ချီ (တနင်္ဂနွေည ၁၂းဝ၀ နာရီ)

လာဇီယိုကို အနိုင်ရလိုက်လို့ လက်ချီအတွက် ကံကြမ္မာ အလှည့်အပြောင်းဖြစ်လာမလား စောင့်ကြည့်ရမယ်။ ကာဂလီ ယာရီက လက်ချီထက် ပိုပြီးတည်ငြိမ်ပေမယ့် အရေးပေါ်အမှတ် မလိုတာ

သတိထားရမယ်။ ပုံမှန်အတိုင်းဆို လက်ချီ ရှုံးမှာပါ။

အူဒီးနီးစ် - ဆမ်ဒိုးရီးယား (တနင်္ဂနွေည ၁၂းဝ၀ နာရီ)

နှစ်သင်းစလုံး တန်းဆင်းဇုန်နဲ့လွတ်အောင် ရုန်းကန်ရပါဦး မယ်။ လက်ရှိအချိန်မှာ ဆမ်ဒိုးရီးယားရဲ့ကစားပုံက ပိုကောင်း သလို တိုက်စစ်ကလည်း ပိုပြီးထက်မြက်ပါတယ်။ အူဒီးနီးစ်က Restart

ကာလမှာ အိမ်ကွင်းရလဒ်တွေ သိပ်မကောင်းလို့ ဆမ် ဒိုးရီးယား အမှတ်ရဦးမယ်ထင်တယ်။  

နာပိုလီ - အေစီမီလန် (တနင်္လာနံနက် ၂း၁၅ နာရီ)

အေစီမီလန်က ဒီရာသီ အကောင်းဆုံးအချိန်ကို ပိုင်ဆိုင်နေတယ်လို့ ဆိုရမယ်။ တိုက် စစ်မှာ အီဘရာဟီမိုဗစ် ပြန်ပါလာသလို၊ ချာဟာနိုဂလူး၊ ဘိုနာဗန်ကျူရာ၊ ရယ်ဘစ်တို့ကလည်း

ပုံမှန်ခြေစွမ်းပြသနေပါတယ်။ ဒါပေမဲ့ နာပိုလီရဲ့ လျင်မြန်တဲ့တိုက်စစ်ကစားပုံကြောင့် မဖြစ် သင့်တဲ့အမှားတွေ ကျူးလွန်တတ်တဲ့ အေစီမီလန်ခံစစ် မလွယ်ပါဘူး။ အပြန်အလှန်ဂိုးတွေ မြင်ရနိုင်ပြီး

နာပိုလီ ကပ်နိုင်သွားမယ်ထင်တယ်။ 

Most Read

Most Recent