နေအိမ်ဖောက်ထွင်းခံရပြီးနောက် အီတလီမြေတွင် လုံခြုံမှုမရှိဟု ရီဘာရီ ပြောကြား

နေအိမ်ဖောက်ထွင်းခံရပြီးနောက် အီတလီမြေတွင် လုံခြုံမှုမရှိဟု ရီဘာရီ ပြောကြား
Published 9 July 2020

ရီဘာရီသည် ၎င်း၏နေအိမ်သို့ သူခိုးများ ဝင်ရောက်ပြီးနောက် ကျန်ရှိသည့်အနေအထားကို ဗီဒီယိုရိုက်၍ Instagram ပေါ်သို့ တင်ခဲ့ပြီး ဇနီးဖြစ်သူ၏ လက်ကိုင်အိတ်များနှင့် လက်ဝတ်ရတနာများလည်း ခိုးယူခံရသည်ဟု အတည်ပြုပြောကြားခဲ့သည်။ 

ဖီအိုရင်တီးနားအသင်းမှ နာမည် ကျော်တောင်ပံကစားသမား ရီဘာရီသည် ၎င်းင်း၏နေအိမ် ဖောက်ထွင်းခံရ ပြီးနောက် အီတလီမြေတွင် လုံခြုံမှုမရှိဟု ခံစားနေရပြီး စီးရီးအေပြိုင်ပွဲကို စွန့်ခွာသွားနိုင်ကြောင်း အရိပ်အမြွက် ပြောကြားခဲ့သည်။

ရီဘာရီသည် ၎င်း၏နေအိမ်သို့ သူခိုးများ ဝင်ရောက်ပြီးနောက် ကျန်ရှိသည့်အနေအထားကို ဗီဒီယိုရိုက်၍ Instagram ပေါ်သို့ တင်ခဲ့ပြီး ဇနီးဖြစ်သူ၏ လက်ကိုင်အိတ်များနှင့် လက်ဝတ်ရတနာများလည်း ခိုးယူခံရသည်ဟု အတည်ပြုပြောကြားခဲ့သည်။ 

ရီဘာရီက "ပါးမားနဲ့ နိုင်ပွဲအပြီး ကျွန်တော် အိမ်ပြန်ရောက်တော့ အခုလို တွေ့ရတော့တာပါပဲ။ ကျွန်တော့် ဇနီးရဲ့ လက်ကိုင်အိတ်တွေနဲ့ လက်ဝတ်ရတနာတချို့ အခိုးခံခဲ့ရပါတယ်။ မြူးနစ်မှာတုန်းက ကျွန်တော့်ဇနီးနဲ့ သားသမီးတွေ ဘေးကင်းလုံခြုံခဲ့တဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ဒီက ပတ်ဝန်းကျင်ကို ကျွန်တော်တို့ ဘယ်လိုယုံကြည်နိုင်မလဲ။ ကျွန်တော့်အတွက် ပိုက်ဆံတွေ မလိုပါဘူး။ ဘောလုံးချစ်စိတ်က အဓိကပါ။ ဒါပေမဲ့ မိသားစုက အဓိကကျပါတယ်။ ကျွန်တော်တို့တစ်မိသားစုလုံး အဆင်ပြေပြေနေနိုင်ဖို့အတွက် ကျွန်တော် လိုအပ်တဲ့ဆုံးဖြတ်ချက်ကို ချမှတ်ရမှာပါ"ဟု Instagram တွင် ရေးတင်ခဲ့သည်။

အဆိုပါဖြစ်ရပ်အား ကြားသိပြီးနောက် ဖီအိုရင်တီးနားဥက္ကဋ္ဌ ကော်မစ်ဆိုက ရီဘာရီထံ ဖုန်းဆက်ခဲ့သည်။ 

ထို့ပြင် "ရီဘာရီ ဖြစ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်လို့ ကျွန်တော် အရမ်းစိတ်ပျက်ရပါတယ်။ သူနဲ့ သူ့မိသားစုကို ကျွန်တော်တို့ အားပေးနေပါတယ်"ဟု ကြေညာချက်ထုတ်ပြန်ခဲ့သည်။

Most Read

Most Recent