ရွိုင်ကင်း၏ ဘောလုံးဝေဖန်သုံးသပ်ပုံကို အသင်းဖော်ဟောင်း ဒွိုက်ယော့ခ် ဝေဖန်

ရွိုင်ကင်း၏ ဘောလုံးဝေဖန်သုံးသပ်ပုံကို အသင်းဖော်ဟောင်း ဒွိုက်ယော့ခ် ဝေဖန်
Photo: punditarena
Photo: punditarena
Published 6 July 2020

မန်ယူအသင်းခေါင်းဆောင်ဟောင်း ရွိုင်ကင်း၏ ဘောလုံးဝေဖန်သုံးသပ်ပုံကို အသင်းဖော်ဟောင်း ဒွိုက်ယော့ခ်က ဝေဖန်ပြောကြားခဲ့သည်။ 

ရွိုင်ကင်းသည် ရုပ်သံဘောလုံးဝေဖန်သူအဖြစ် ပြုလုပ်ရာတွင် ကစားသမားများကို ပြင်းပြင်းထန်ထန်သုံးသပ်ပြောကြားနေ၍ ဒွိုက်ယော့ခ်က ဝေဖန်ခဲ့ခြင်းဖြစ်သည်။ 

ရွိုင်ကင်းအနေဖြင့် မိမိ၏ကစားသမားဘဝတွင်လည်း အမှားအယွင်းများ ရှိခဲ့သည်ကို ပြန်လည်သတိရသင့်သည်ဟု ဒွိုက်ယော့ခ်က ပြောကြားခဲ့သည်။ 

ဆန်းဒါးလန်းအသင်းကို ရွိုင်ကင်း ကိုင်တွယ်စဉ်က သူ၏လက်အောက်၌ ကစားခဲ့ဖူးသူ ဒွိုက်ယော့ခ်က ''ကျွန်တော်တို့အားလုံး အမှားအယွင်းတွေ ရှိကြတာပါပဲ။ သူ(ရွိုင်ကင်း)ကိုယ်တိုင်လည်း ကစားသမားဘဝက အမှားအယွင်းကင်းတဲ့၊ ပြီးပြည့်စုံတဲ့ ကစားသမားတစ်ဦး မဟုတ်ခဲ့ပါဘူး။ သူပြောတဲ့လေသံကို နည်းနည်းလေး လျှော့သင့်ပါတယ်''ဟု ပြောကြားခဲ့သည်။

Most Read

Most Recent