ရိုးမားသို့ ကာဗာနီ ရောက်ရှိရန်နီးစပ်နေဟု သတင်းထွက်

ရိုးမားသို့ ကာဗာနီ ရောက်ရှိရန်နီးစပ်နေဟု သတင်းထွက်
Photo: Romapress
Photo: Romapress
Published 6 July 2020

PSG အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိုင်မည့် တိုက်စစ်မှူး ကာဗာနီသည် ရိုးမားအသင်းသို့ရောက်ရှိရန်နီးစပ်နေပြီဖြစ်ကြောင်း သတင်းများထွက်ပေါ်နေသည်။ 

ကာဗာနီ၊ ကာဗာနီ၏ အေးဂျင့်ဖြစ်သူတို့နှင့်ရင်းနှီးသည့် ကစားသမားဟောင်း ဂတ်စတွန်ဖာနန်ဒက်ဇ်က ကာဗာနီကို တရားဝင်ကမ်းလှမ်းသည့်အသင်းမှာ ရိုးမားအသင်းတစ်သင်းသာရှိသေးကြောင်း ပြောဆိုခဲ့သည်။  

အသက် (၃၃)နှစ်အရွယ် ကာဗာနီသည် ပါလာမို၊ နာပိုလီအသင်းများတွင် ကစားခဲ့ဖူးပြီး စီးရီးအေပြိုင်ပွဲအတွေ့အကြုံရင့်သူလည်းဖြစ်သည်။

ရိုးမားအသင်းတာဝန်ရှိသူများသည် အင်္ဂါနေ့ (သို့မဟုတ်) ဗုဒ္ဓဟူးနေ့တွင် ကာဗာနီနှင့် ဆုံတွေ့သွားဖွယ်ရှိနေသည်။ 

ကာဗာနီကို ခေါ်ယူရန် နယူးကာဆယ်၊ အင်တာမီလန်တို့အပြင် မေဂျာလိဂ်ကလပ်အသင်းများကလည်း စိတ်ဝင်စားနေကြောင်း သိရသည်။  

Most Read

Most Recent