ဘီလ်ဘာအို - ရီးယဲလ်မက်ဒရစ် (တနင်္ဂနွေညနေ ၆း၃၀ နာရီ)
ရီးယဲလ်မက်ဒရစ်ကတော့ ချန်ပီယံဆုအတွက် ပိုပြီး စိတ်အေးလက်အေး ကစားနိုင်နေပါပြီ။ လက်ရှိမှာလည်း ဒီပုံစံ မျိုးနဲ့ပဲ တစ်ပွဲချင်း အမှားအယွင်း အတိမ်းအစောင်းမရှိအောင် ကစားနေတဲ့ပုံမျိုး တွေ့နေရတယ်။ ဒါပေမဲ့ အခုရင်ဆိုင်ရမယ့် ဘီလ်ဘာအိုကလည်း COVID-19 အလွန်မှာ တိုးတက်လာ တဲ့ပုံပြနေပြီး ယူရိုပါလိဂ်ဝင်ခွင့်လည်း မျှော်လင့်နိုင်တဲ့အသင်း ဖြစ်နေလို့ ရီးယဲလ်မက်ဒရစ်အတွက် ပြိုင်ဘက်ကောင်းဖြစ်လာ နိုင်တယ်။ အခုနောက်ပိုင်း ဘီလ်ဘာအိုရဲ့ ရီးယဲလ်နဲ့ ရင်ဆိုင် ခဲ့တဲ့ အစဉ်အလာမှတ်တမ်းတွေကလည်း မဆိုးလှဘူး။ အထူး သဖြင့် ဘီလ်ဘာအိုက ရီးယဲလ်ကို ကွင်းမရွေးတုံ့ပြန်ကစားပြီး အမှတ်ရအောင်ယူနေတယ်။ ဒီရာသီ ပထမအကျော့ ဘာနေ ဗျူးကွင်းမှာလည်း သရေကစားနိုင်ခဲ့တာကိုကြည့်ရင် ဘီလ် ဘာအိုဟာ ရီးယဲလ်ကို ကောင်းကောင်းရင်ဆိုင်ပြနိုင်တဲ့အ သင်းလို့ ပြောလို့ရနေတယ်။ အိမ်ကွင်းမှာဆိုရင်လည်း ခံစစ်လုံ အောင်ကစားနိုင်တယ်။ ဒီတော့ ဒီပွဲလည်း ဘီလ်ဘာအိုတို့ ရီး ယဲလ်ဆီက အမှတ်ယူဖို့ရှိနေတယ်။ ဂိုးတော့ နည်းလိမ့်မယ်။
အက်စ်ပန်ညို - လီဟာနက်စ် (တနင်္ဂနွေည ၉း၃၀ နာရီ)
တန်းဆင်းအန္တရာယ်ကြား အမှတ်ပေးဇယားအောက်ဆုံး (၂)သင်းရဲ့ ပွဲဖြစ်နေပေမယ့် သိပ်ပြီးစိတ်ဝင်စားစရာမရှိလှပါ ဘူး။ နှစ်သင်းစလုံး တန်းဆင်းအန္တရာယ်နဲ့ တဖြည်းဖြည်းနီးစပ်နေ ပြီး ဒီပွဲလည်း အမှားစောင့်ကစားဖို့ပဲရှိနေတယ်။ ဂုဏ်သိက္ခာအ တွက်ကစားမယ့်ဒီပွဲမှာ အိမ်ရှင်နဲ့ ဂိုးအနည်းပဲ ရွေးချင်တယ်။
အိုဆာဆူနာ - ဂီတာဖေး (တနင်္ဂနွေည ၁၂းဝ၀ နာရီ)
ဂီတာဖေးက ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်နဲ့ ကစား နေပေမယ့် အဝေးကွင်းမှာတော့ စိတ်ချရတဲ့အသင်းမျိုး မဟုတ် သေးဘူး။ ဒါပေမဲ့ အားထုတ်မှုကောင်းတဲ့အသင်းဖြစ်လို့ ဂီတာ ဖေးကို လျှော့တွက်လို့လည်းမဖြစ်ပြန်ဘူး။ ဂိုးနည်းသရေပွဲလို့့ပဲ မှန်းထားလိုက်ချင်တယ်။
ဗီလာရီးယဲလ် - ဘာစီလိုနာ (တနင်္လာနံနက် ၂း၃၀ နာရီ)
အက်သလက်တီကိုကို သရေကျပြီးနောက်မှာ ဘာစီလို နာရဲ့ ချန်ပီယံအိပ်မက်ကတော့ ဝေဝေ၀ါးဝါးဖြစ်သွားခဲ့ပါပြီ။ အသင်းကလည်း တဖြည်းဖြည်းနဲ့ အစည်းပြေလာသလို တွေ့ နေရတယ်။ ဘုတ်အဖွဲ့၊ နည်းပြနဲ့ ကစားသမားတွေကြားမှာ အက်ကြောင်းသံတွေပိုညံလာနေတယ်။ အခုလည်း COVID-19 အလွန်မှာ ခြေပိုတွေ့နေတဲ့ ဗီလာရီးယဲလ်နဲ့ ရင်ဆိုင်ရဦး မှာဆိုတော့ ဘာစီလိုနာအတွက် နောက်ထပ်အဝေးကွင်းပွဲကျပ် တစ်ပွဲဖြစ်နေတယ်။ လက်ရှိခြေစွမ်းပိုင်းနဲ့ စိတ်ဓာတ်ပိုင်းမှာ အားရစရာသိပ်မရှိလှတဲ့ ဘာစီလိုနာရဲ့ လက်ရှိအနေအထားနဲ့ တော့ ဗီလာရီးယဲလ်ကို ခက်ခက်ခဲခဲရင်ဆိုင်ရဦးမှာပဲ။ အထူးသ ဖြင့် ခံစစ်ပိုင်းကောင်းမွန်လာမှုက ဗီလာရီးယဲလ်ရဲ့ အားသာမှုလို ဖြစ်နေပြီး တိုက်စစ်မှာလည်း အယ်လ်ကာဆာ၊ မော်ရီနိုနဲ့ ဘက် ကာတို့လို တိုက်စစ်မှူးကောင်းတွေရှိနေလို့ ဘာစီလိုနာကို ကောင်းကောင်းခြိမ်းခြောက်နိုင်စွမ်းရှိနေတယ်။ လက်ရှိ ဘာစီ လိုနာ ကျပ်တည်းနေပုံမျိုးနဲ့တော့ အိမ်ရှင် ဗီလာရီးယဲလ်နဲ့ ဂိုး အနည်းကိုပဲ ဦးစားပေးထားရမယ်။









