ဘန်လေ - ရှက်ဖီးယူနိုက်တက် (တနင်္ဂနွေညနေ ၅း၃၀ နာရီ)
ရှက်ဖီးယူနိုက်တက်က ချန်ပီယံလိဂ်ဝင်ခွင့်ကို မျှော်လင့်လို့ရတဲ့ အနေအထားက နေ ယူရိုပါလိဂ်အတွက် ကစားရတဲ့ အခြေအနေအထိရောက်လာတယ်။ အဓိက ပြဿနာ က စိတ်ပိုင်းဆိုင်ရာ ပြဿနာဖြစ်ပြီး ယုံကြည်မှုကျဆင်းလာတယ်လို့ ပြောရမယ်။ ဒီအပေါ် မူတည်ပြီးခံစစ်နဲ့ တိုက်စစ်လည်း အားနည်းလာတယ်။ ဘန်လေက ဝက်ဖို့ဒ်နဲ့ ပဲလေ့စ်တို့ ကို ဆက်တိုက်နိုင်ခဲ့ပြီး ပုံစံကောင်းပြန်ရနေတယ်။ ဘန်လေ နိုင်ဖို့များတယ်။
နယူးကာဆယ် - ဝက်စ်ဟမ်း (တနင်္ဂနွေည ရး၄၅ နာရီ)
နယူးကာဆယ်က ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြနေပြီး၊ ထိပ်ဆုံး (၁၀)သင်းထဲကို တိုး ဝင်ဖို့ ကြိုးစားလာတာတွေ့ရတယ်။ ဝက်စ်ဟမ်းကတော့ ရလဒ်ပိုင်းက အားရစရာမရှိဘူး။ တိုက်စစ်မှာလည်း စျေးကြီးပေးခေါ်ယူထားတဲ့ ကစားသမားတွေက သုံးမရဘဲ အန်တိုနီယို တစ်ဦးတည်းနဲ့ မျိုးစုံလှည့်ကစားနေတာတွေ့ရတယ်။ ချယ်လ်ဆီးနဲ့ ပွဲမှာတော့ ဝက်စ်ဟမ်း ကောင်းခဲ့တယ်။ ဒါပေမဲ့ စိတ်မချရသေးဘူး။ နယူးကာဆယ်ကိုပဲ ကြိုက်တယ်။
လီဗာပူးလ် - ဗီလာ (တနင်္ဂနွေည ၁ဝးဝ၀ နာရီ)
လီဗာပူးလ်က မန်စီးတီးရဲ့ ရမှတ်စံချိန်ကို ချိုးဖို့ ကြိုးစားမယ့်အသင်းဖြစ်ပြီး ပရီးမီး ယားလိဂ်အပြင် အခြားဘာပွဲမှလည်းမကျန်တော့ဘူး။ လူငယ်တချို့ အခွင့်အရေးရလာ ရင်တောင် နိုင်ပွဲအတွက် ရာနှုန်းပြည့် ကြိုးစားမှာတော့ သေချာတယ်။ အက်စတွန်ဗီလာ ကတော့ ရလဒ်တွေဆက်တိုက်ကျဆင်းနေတဲ့အသင်းဖြစ်ပြီး လီဗာပူးလ်ကိုလည်း လူငယ် တွေနဲ့တောင် ယှဉ်နိုင်ဖို့ မရှိပါဘူး။ လီဗာပူးလ်ပဲ ရလဒ်ကောင်းလိမ့်မယ်။
ဆောက်သမ်တန် - မန်စီးတီး (တနင်္လာနံနက် ဝဝး၃၀ နာရီ)
ဒီရာသီ မန်စီးတီးအတွက် ကျန်နေတဲ့ ပွဲစဉ်တွေထဲမှာ အာရုံစူးစိုက်မှုအနည်းဆုံးက ပရီးမီးယားလိဂ်ဖြစ်လိမ့်မယ်။ ချန်ပီယံ မဖြစ်နိုင်တော့သလို၊ အဆင့် (၃)နေရာကိုလည်း ဆင်းရဖို့ မရှိတော့ဘူး။ ဆောက်သမ်တန်ကတော့ ခြေစွမ်းကောင်း၊ ပုံစံကောင်းပြဖို့အတွက် ကြိုးစားနေပြီး ဖိအားမရှိ ကစားနေတဲ့အသင်းပါ။ အပြန်အလှန်ဂိုးတွေမြင်ရဖို့ ရှိတယ်။ ဆောက်သမ်တန် (၁-၂) မန်စီးတီး ဖြစ်မယ်ထင်တယ်။









