အတ္တလန်တာ - ဆာဆူအိုလို (တနင်္ဂနွေည ၁၂းဝ၀ နာရီ)
အတ္တလန်တာက စီးရီးအေမှာ စိတ်လှုပ်ရှားစရာအကောင်းဆုံးကစားပုံကို ပိုင်ဆိုင် ထားတဲ့အသင်းပါ။ ဒီပွဲကို နိုင်လိုက်ရင် အဆင့်(၅)က ရိုးမားကို (၆)မှတ်ဖြတ်နိုင်သွားမယ်။ ဆာဆူအိုလိုက တိုက်စစ်အားသန်တဲ့အသင်းဖြစ်ပြီး ခံစစ်ကို ပစ်စလက်ခတ် လုပ်တတ်ပါ တယ်။ ဒီ Character က အတ္တလန်တာတိုက်စစ်အတွက် အကြိုက်ဖြစ်လာလိမ့်မယ်။ အ တ္တလန်တာပဲ နိုင်သွားမယ့်ပွဲဖြစ်ပြီး ဂိုးတွေနဲ့ မြိုင်ဆိုင်ပါလိမ့်မယ်။
အင်တာမီလန် - ဆမ်ဒိုးရီးယား (တနင်္လာနံနက် ၂း၁၅ နာရီ)
အင်တာမီလန်က ဘောလုံးပွဲတွေ မနားမီမှာ ဖလားလုဖက် (၂)သင်းကို ဆက်တိုက်ရှုံးပြီး ချန်ပီယံလုပွဲမှာ အမှတ်ပြတ်ကျန် ခဲ့ပါတယ်။ ဒီပွဲကို အနိုင်ကစားနိုင်မှ ဇယားထိပ်က ဂျူဗင်တပ်စ်နဲ့ (၆)မှတ်အကွာကို ရောက်ရှိမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ကိုပါ အီတာလီယာမှာလည်း နာပိုလီကို သရေပဲရခဲ့လို့ ဗိုလ်လုပွဲနဲ့ လွဲချော်ခဲ့ပါတယ်။ ဒါပေမဲ့ အားသာတာတစ်ခုက ပြိုင်ပွဲအသွင် ပွဲ တစ်ပွဲကို ကစားခဲ့ရလို့ Match Fitness ကို ပြန်ရထားတာပါ။ ဆမ်ဒိုးရီးယားက တန်းဆင်းဇုန်နဲ့ မလွတ်ကင်းသေးပါဘူး။ အမှတ်တွေ ရနိုင်သလောက်ရှာဖို့ လိုပါသေးတယ်။ ဒါပေမဲ့ အင်အားပြည့်နဲ့ အာရုံစိုက်လာမယ့် အင်တာမီလန်အသင်းကို တောင့် ခံဖို့ ခက်ပါတယ်။ အင်တာမီလန်ပဲ အနိုင်ရသွားမယ့်ပွဲဖြစ်ပြီး (၂)ဂိုးပြတ်သွင်းလိမ့်မယ်။










