စီးရီးအေပွဲစဉ် (၂၅) (ပွဲကျန်) ပွဲကြိုသုံးသပ်ချက်

စီးရီးအေပွဲစဉ် (၂၅) (ပွဲကျန်) ပွဲကြိုသုံးသပ်ချက်
Photo: Serie A
Photo: Serie A
Published 20 June 2020

တိုရီနို - ပါးမား (စနေည ၁၂းဝ၀ နာရီ)

စီးရီးအေကန့်လန်ကာကို ဒီပွဲနဲ့ ဆွဲဖွင့်လိုက်မှာပါ။ တိုရီနို က လိဂ်မရပ်ခင်မှာ (၆)ပွဲဆက် ရှုံးထားတဲ့အသင်းဖြစ်ပြီး ကိုဗစ် ကာလက သူတို့ကို Refresh ပြန်လုပ်ပေးနိုင်ပါတယ်။ ပါးမားက    အဆိပ်ရှိတဲ့အသင်းဖြစ်ပြီး ကစားပုံမာသလို၊ ဂိုးသွင်းအားလည်း ရှိပါတယ်။ ဥရောပဝင်ခွင့်မျှော်လင့်ချက်လည်း ရှိသေးလို့ လက် ကျန်ပွဲတွေမှာ အားကုန်ရုန်းလာမှာပါ။ အမှတ်ရဖို့ သတိကြီးကြီး နဲ့ ကစားကြမယ့်ပွဲဖြစ်ပြီး သရေနဲ့ အဆုံးသတ်ဖို့ များတယ်။

ဗီရိုနာ - ကာဂလီယာရီ (တနင်္ဂနွေနံနက် ၂း၁၅ နာရီ)

ဒီရာသီမှာ ခြေမြူးနေတဲ့ ဗီရိုနာအတွက် ကိုဗစ်ကာလက အနှောင့်အယှက်ပေးပါတယ်။ မြူးနေတဲ့ခြေစွမ်းက ရပ်သွားနိုင် ပါတယ်။ ကာဂလီယာရီက ခြေစွမ်းအကျဘက်မှာ ရှိနေပေမယ့်  နိုင်ဂိုလန်၊ ဆီမြွန်နီ၊ ယာအိုပတ်ဒရိုတို့လို ပွဲအဖြေပြောင်းနိုင်သူတွေ ရှိနေတယ်။ ဒီပွဲကို နိုင်လိုက်ရင် အဆင့်(၆)က နာပိုလီနဲ့ (၁)မှတ်ပဲ ကွာတော့မှာဖြစ်လို့ ဗီရိုနာ အားကုန်ထုတ်လိမ့်မယ်။ ဗီရိုနာပဲကပ်ပြီး နိုင်သွားဖွယ်ရှိပါတယ်။ ဂိုးနည်းမယ်။

Most Read

Most Recent